Thursday, May 29, 2014

ရုပ်ရှင်



၉၂.၄၈ ရာခိုင်နှုန်း က ထောက်ခံခဲ့တယ် ဆိုတာ ... ရယ်စရာ


သန်းခြောက်ဆယ် မှာတော့ ဒေါ်လာ ၁၀၀၀ အောက် ဝင်ငွေ နဲ့


သိက္ခာ နဲ့ အဆင့်အတန်း အကြောင်း


လူထုခေါင်းဆောင် က ပြောတော့


အခြေခံ အကျဆုံး အရှက် နဲ့ စာရိတ္တ ချို့တဲ့တာတွေ အပေါ်


ကိုယ်တိုင် ပဲ ရှက်မိပါရဲ့


လက်ခုပ်မတီးရ ၊ အလံဝှေ့ယမ်း လက်ကမ်း မကြိုရ


၃၉၂ မဲ နဲ့ ၁၀ မဲ


၁၉၉၀ လို့ ပြန်တွေးရင် အခု က ၂၄ နှစ် ကြာခဲ့ပြီ


သာရာကူး နိူင်ရာစား ချီး(ချေး)ကျရာပျော်


ပါးအရိုက်ခံရတာကိုမှ နေသာ ထိုင်သာ


တူညီဝတ်စုံ မြင်ရင် လန့်ထိတ်နေရတာကိုမှ


စည်းကမ်းရှိ စနစ်ကျတယ် ... ထင်


နောက်ထပ် မျိုးဆက်တွေကို သာ


သတိဆွဲ မိကျောင်းတွားတက်ခိုင်းတတ်ဖို့ သင်


ရက်ဘတ်တလာ ပြောသလို


တစ်ဦးတစ်ယောက်တည်း ချမ်းသာဖို့ လုပ်ကြမလား


ဆွန်ယက်ဆင် လို ဂန္ဒီ လို


သမိုင်း ကို ပြန်ပြောကြရင်


ကိုယ့် သတ္တိ အကြောင်း ပါချင်ကြမလား


ခင်ဗျားတို့ ကြိုက်ရာရွေးပါ


ပိတ်ကား ထက်မှာ


ဇာတ်လမ်း ကတော့ ... ဆက် ပြနေပြီ ။    ။





PM 9:40 28th May 2014

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...