Thursday, July 26, 2012

ငါ့ နှလုံသားက ရှိုက်ကြီးတငင်


ငါ့ နှလုံးသားက ရှိုက်ကြီးတငင် ၊ အဲဒါ မင်းတော့ မကြားရ

ငါ့ နှလုံးသားက ကွဲကြေညက်မှုန် ၊ အဲဒါ မင်းတော့ မခံစားရ

ငါ့ ခန္ဓာ မင့်ထွေးပွေ့ယှက်သိုင်းခြင်းကို တောင့်တတဲ့အခါ

ငါ့ နှုတ်ခမ်းတို့က မင့် အနမ်းတွေဆီ မှန်းရီလို့ ...

ငါ့ နားအစုံက ငါ့ကို မင်းချစ်တယ် ဆိုတာမျိုး

မင်းပြောလာမှာကို ကြားဖို့ လိုလားတဲ့ အခါ

ငါ့ မျက်လုံးတွေကလည်း

မင့် အပြုံး နဲ့ မင့်မျက်လုံးတွေ တောက်ပတာကို

အလွန်အမင်း မြင်ချင်မိပါရဲ့

ငါ့ ဘ၀ထဲမှာလည်း မင့်ကို ရှိနေဖို့ လိုအပ်နေဆဲ ...

ငါ့ ကမ္ဘာ ဆိုတာက မင့် ရှိနေမှပဲ ပြည့်စုံမှာ ထင်ဆဲ ...

ငါ့ အတွေ့အထိ အာရုံမှာ

ငါ့ နံဘေး မင့် လဲလျောင်းနေတုန်း ထိသိလှိုက်မောချင်တာမျိုး

ငါ့ ချစ်ခြင်းတရားက မင့်ဆီက တုံ့ပြန်မှုကို အထူးတလည်ပဲ ငတ်မွတ်နေ

ငါ့ နှလုံးသားက ငိုကြွေး ၊ ငါ့ နှလုံးသားမှာ ကွဲကြေရလိမ့်

ငါ့ ခန္ဓာမှာ ခြေညောင်းလက်ဆန့် လုပ်ရတော့မလို ၊

ငါ့ နှုတ်ခမ်းတို့ကလည်း

ဝတ်ကျေတန်းကျေ ပြောဆိုမှုသက်သက်ပဲ တတ်ကြရော့ထင်

ငါ့ နားအစုံက မင့်စကားတို့ဆီ တမ်းတ ၊

ငါ့ မျက်ဝန်းတို့က မျက်ရည်စိုတွေနဲ့ မှိုင်းညို့ဖြစ်တော့ ...

ငါ့ ဘ၀ ဟာ တကယ့်ကို ကကိုယ်ရေတကာယ ၊

ငါ့ ကမ္ဘာမှာ အရာရာ လွန်မြောက်ပျောက်ဆုံးခဲ့ပေါ့ ...

အဲဒီ့မှာ ... ငါ့ ချစ်ခြင်းတရားကလည်း

ပြန်ပြီး မဖြစ်တည်တတ်တော့တဲ့ အနေအထားဆီ ရွေ့လျား

ငါ့ ဘ၀ထဲက အရာတို့ကို ဖယ်ရှားခံရသလို ...

နှလုံးပြင်မှာ နာကြင်မိလိမ့် ...

ငါ့ စိတ်မှာ ဘယ်တော့မှ မေ့မှာ မဟုတ်သလို

ငါ့ နှလုံးသားကလည်း ဘယ်တော့မှ မုန်းနိုင်တော့မှာ မဟုတ်ပါဘူး ။

ငါ ဆိုတဲ့ကောင်က မင့်ကို စပြီးတွေ့တဲ့နေ့ ကတည်းက ချစ်ခဲ့ရတာ

ဒါပေမယ့် ...

အခုတော့ ...

ငါ့ နှလုံးသားကပဲ ရှိုက်ကြီးတငင် ၊ မင်းတော့ ဒါကို မကြားသိနိုင်ပြီ ။

TRANSLATED BY





No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...