Monday, August 26, 2013

မလွမ်းချင်တော့တဲ့နေ့



တစ်ကြိုးပဲ စပြီး သွဲ့ခတ်လိုက်ပါပြီ ဆိုကတည်းက
အသံအားလုံး ငြိမ်းမြသွား
ပဉ္စလရာဇ် ဆန်ခြင်း အပေါ်လည်း မေ့လျော့လို့
အဲဒီ့ကိုပဲ ငြိမ့်မူးကြ
အခမ်းနားဆုံးတေး´အတွက်တော့
အသင့်´ပြင်ဆင်...

ဘယ်လောက်တောင် ညွှတ်တိမ်းထားသလဲဆို
မျက်တောင် တစ်ချက်မှ မယိမ်းနွဲ့အား
တကယ့် အလင်္ကာ...
စိတ်ကို စိတ်နဲ့ ညှို့မှာတပ်လို့ လွှတ်လိုက်တဲ့ မြှား´ ပေါ့
သွေးတခြင်းခြင်း နဲနဲနင့်နင့် ...
ပင့်သက်ကိုလည်း သွေဖီခဲ့ရဲ့

အမွတ်စူးဆုံး စုလစ်တွေ
အသွေဖယ်ဆုံး အရှိုင်းအမြတွေ
ဘယ်လို အလျဉ်မျိုးမှလည်း
ထပ်မံ မခင်းကျင်းပါနဲ့
မှီတွယ် ငြိရာ အတိုင်း မသိမ့်မောချင်
သူသူငါငါ ရုပ်ဒြပ်အလေ့ကျ
ဒီ ၀ိဥာဉ်ကိုသာ ရှင်းသန့်ခွင့် ပေးဖို့ မျှ...။    ။ 





24th September 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...