Thursday, May 29, 2014

ဒီတော့



အတူတွေ့ရင် ပွင့်ရီမယ့် အနမ်းများအတွက်

ငါတို့ နှုတ်ခမ်းများမှာ မုသား ကင်းစင်ဖို့ လို

တစ်ဦး သတိရခြင်း ဟာ

အခြား တစ်ဦး အတွက်

မိုးသားကင်းစင်သော ကောင်းကင် နှယ် ကြည်လင်

လိင်မှု ကိစ္စ ၊ စားဝတ်နေရေး ၊ နှစ်ဖက်ဆွေမျိုးသိုင်းဝိုင်း

လူမှုရေးရာ ၊ ဘဝ အာမခံချက်

အစရှိသော ... ထုံးတမ်းစဉ်လာများ အရ

ငါတို့ မေတ္တာတရား ဟာ

စိတ်ကူးထားမိသလို သိပ်ကြီး မခမ်းနားတော့ ...

အချစ် ဆိုတာ ...

တစ်ယောက် မျှော်ရီတမ်းမူးခြင်းမှာ

တစ်ယောက် က ရူးသွပ်ထားတဲ့ သွေးသားဆန္ဒ

ဘယ်သူမှ မမှားကြ

ဘယ်သူမှလည်း မမှားချင်ခဲ့ကြ

စနစ် မှားရင်တော့ ခေတ် ပေါ့

လူ မှားရင်လည်း မူ ကြောင့်

မဲ အနည်း အများ ရေတွက်ပုံ အရ

ရံဖန်ရံခါ

အချစ် သီးသန့် တောင်းဆိုမှု တို့သည်

လွမ်းခန်း ၌ သာ အဆုံးသတ်လေ၏ ။





PM 9:20 28th May 2014

1 comment:

Unknown said...


ငါတို့ မေတ္တာတရား ဟာ
စိတ်ကူးထားမိသလို သိပ်ကြီး မခမ်းနားတော့ ...

LinkWithin

Related Posts Plugin for WordPress, Blogger...