Thursday, December 29, 2011

စိတ်ပြေလက်ပျောက်


အမေ … နေကောင်းထားပေး …

နေသာ လေသာ တဲ့ တစ်ရက်

အမေ့ ကို ကမ္ဘာတစ်ပါတ်လောက် 

အလည်အပတ် လိုက်ပို့ပေးရဦးမယ် …


နိုင်အာဂရာ ရေတံခွန် ရဲ့ ရေစီးသံတွေကို နားစွင့်ကြည့်

ရန်ကုန်မြို့က လူတွေ ဘယ်အချိန်ဆီမှန်းမသိ မီအောင် 

လိုက်နေကြသလိုပေါ့ …

အပြေးအလွှား အလုအယက် တွန်းတွန်းတိုက်တိုက်

အမေ လှတယ်” ပြောတဲ့ ကျိုတိုက ချယ်ရီပင်တွေအောက်မှာ ထိုင်

သဘာဝတရားက အေးမြပါတယ် အမေ …

အီဂျစ်က ပိရမစ်တွေ … ၊ လန်ဒန်ရဲ့ ဘာကင်ဟမ် နန်းတော် ၊ ပါရီရဲ့ အီဖဲလ်မျှော်စင်

သမိုင်းဝင်တဲ့ လူသားတချို့ရဲ့ အောင်မြင်ခြင်း ပုံရိပ်တွေဆီ ..

ရုပ်မြင်ဖန်သားပေါ်မှာပဲ တွေ့ထားမြင်ထားဖူးခဲ့တဲ့ နေရာတွေဆီ …

စိတ်ပြေလက်ပျောက်ပေါ့ … အမေရယ် …


ပါကစ္စတန် နဲ့ အာဖကန်နစ္စတန်မှာ အသေခံ ဗုံးခွဲသူတွေ ရှိသတဲ့ အမေ

သူတို့ အစား သူတို့ အသက်ကို ကျွန်တော် နှမြောလှတယ်

လူဆိုတာ အသက်ရှင်နေသမျှ ဘာကိုမဆို မျှော်လင့်ခွင့် ရှိနေတယ် မဟုတ်လား အမေ

အာဖရိကန်မှာ အစာငတ်ရေငတ် နဲ့ သေကြတာ

လူတွေ သန်း နဲ့ ချီသတဲ့

မြန်မာပြည်မှာ သားသမီးက ပစ်ထားလို့

သူများဆီက တောင်းရမ်းစားသုံးနေကြရသူတွေထဲ 

အမေ မပါစေရဘူး … အမေ


ထမင်းကျွေးတဲ့ အမေ့လက်ကို 

ပြန်ကိုက်သွားတာ ခွေး” မဟုတ်ဘူး အမေ

ပညာတတ်တယ် ၊ ဘွဲ့ရတယ် ၊ ရာထူးရာခံရှိတယ် ဆိုတာနဲ့

လူကောင်း မဟုတ်ဘူး အမေ

လူကောင်း ဆိုတာ စိတ်ကောင်းရှိဖို့ပဲ လိုတယ် မဟုတ်လား

စိတ်ထိခိုက်စရာတွေ မပြောချင်ပါဘူး အမေ

ထိခိုက်ထားတဲ့ စိတ်တွေ အကြောင်း သိစေချင်တာကြောင့် သာ …


အမေ … အမေ … အမေ … 

နေကောင်းထားပေး

နေသာ လေသာ တဲ့ တစ်ရက်

အမေ့ ကို ကျွန်တော် ကမ္ဘာတစ်ပါတ်လောက်

အလည်အပတ် လိုက်ပို့ပေးရဦးမယ် …

စိတ်ပြေလက်ပျောက်ပေါ့ အမေရယ် …။   ။



AM 5:30 21st DECEMBER 2011

Friday, June 4, 2010

Blogging Sphere

အတွေးတို့ အန်အန်ချနေခိုက် …

အလည်အပတ် ခရီးစဉ် အရ

ဖွင့်ထားသော စိတ် နဲ့

လွှင့်ထားသော နှစ်သက်ရာ တလျှောက်

စာတွေ … စာတွေ …

ဖတ်ဖြစ်ပါတယ် ... ။


စေတနာ ၊ နာလို ခံခက်မှု ၊

စိတ်အားငယ်ခြင်း ၊ တွန်းတိုက်သံ ၊ ကြွေးကြော်သံ

ကိုယ်ရည်သွေး တီးလုံး

လုံ့လကို ညှာပြီး ညှစ်ထုတ်လိုက်ခြင်းတွေ …

အမှတ်ရရ ရှိရသော

စာမျက်နှာများ …

ခင်ဗျားတို့ ရင်ဘတ်

ခင်ဗျားတို့ အသီ အနွဲ့အား

မှီငဲ့ပြီး မြည်သော အသံများ ...

မိန်းမောမှု အကြောင်း လေ့လာရင်းက …

နှလုံးခုန်သံ စည်းချက် နဲ့

တစ်ရက် တစ်ရက်

တစ်ခါ တစ်ခါ

သွေးမတော် ၊ သားမစပ် ၊

မမြင်ဘူး ၊ မသိဘူး

မကြံဖူး ၊ မကြားဖူးသော ခြင်းရာများထဲ

စိတ်ကို ဖြုန်းဖို့

ဒီ အချိန် ကို သုံးခဲ့မိပါတော့တယ် ။ ။



PM 9:13 10th MAY 2010