အကယ်၍
မင်း အသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့် လို့ ဝိုင်းဝန်းအပြစ်တင်ကြတဲ့ အခါ
မင်းဟာ ခေါင်းအေးအေး နဲ့ ရင်ဆိုင်နိူင်မယ် ဆိုရင် ။
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကို မင်း ယုံကြည်မှု အပြည့် ရှိမယ် ဆိုရင် ။
အကယ်၍
စောင့်သင့်တဲ့ အချိန် ကို စောင့်နိူင်ပြီး
အဲ့ဒီအတွက်လည်း မမောမပန်း နေနိူင်မယ် ဆိုရင် ။
ဒါမှမဟုတ်
မင်းရဲ့ အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူး ဆိုရင် ။
ဒါမှမဟုတ်
မင်းကို လူတကာ က ဝိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူး ဆိုရင် ။
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ်မှာ မလွှမ်းမိုးစေဘဲ စိတ်ကူးနိူင်မယ် ဆိုရင် ။
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိူင်မယ် ဆိုရင် ။
အကယ်၍
အောင်မြင်မှု သုခ နဲ့ ဆုံးရှူံးခြင်း ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ် လို့
ခံယူထားနိူင်မယ် ဆိုရင် ။
အကယ်၍
မင်း ရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာ နဲ့ နာကြားနိူင်မယ် ဆိုရင် ။
အကယ်၍
မင်းဘဝတစ်ခုလုံး ပေးပြီး
အရိပ်တကြည့်ကြည့် နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာ နဲ့
ပြန်လည် တည်ဆောက်နိူင်မယ် ဆိုရင် ။
အကယ်၍
မင်း နိူင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တခုန်ပမာ
တလှည့်တခါတည်း နဲ့ ဆုံးရှူံ းသွားခဲ့ရင်
ပြီးတော့
အစကနေ ပြန်စနိူင်မယ် ဆိုရင် ။
ပြီးတော့ တခါ
ဆိုးလှတဲ့ ကံကြမ္မာကိုရယ် လို့
ဘယ်သောအခါမှ ညီးညူ မနေဘူး ဆိုရင် ။
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့ မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိူင်မယ် ဆိုရင် ။
အဲ့ဒီလိုပဲ
မင်းမှာ စိတ်အင်အားက လွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲ့ဒီ စိတ်အင်အားကို ခိုင်မာစွာ နဲ့ ပဲ
လက်ဆုပ်လက်ကိုင် ထားနိူင်မယ်ဆိုရင် ။
အကယ်၍
လူတွေ နဲ့ ထိတွေ့ဆက်ဆံ ပြောဆိုရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိူင်မယ် ဆိုရင် ။
ဒါမှ မဟုတ်
မင်းဧကရာဇ်တွေ နဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူး ဆိုရင် ။
အကယ်၍
ရန်သူက ဖြစ်စေ မိတ်ဆွေက ဖြစ်စေ
မင်းကို သိပ်ပြီး နာကြည်းအောင် မလုပ်နိူင်စေရင် ။
အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင် ။
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိူင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိူင်မယ် ဆိုရင်
ငါ့သားရေ
မင်းဟာ အရာရာ ရှိတဲ့ အရာရာ ဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိူင်ပြီပေါ့ ။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်း တယောက်ပေါ့ ။ ။
အောင်ဆန်းစုကြည်
No comments:
Post a Comment