Friday, June 4, 2010

Blogging Sphere


အတွေးတို့ အန်အန်ချနေခိုက် …

အလည်အပတ် ခရီးစဉ် အရ

ဖွင့်ထားသော စိတ် နဲ့

လွှင့်ထားသော နှစ်သက်ရာ တလျှောက်

စာတွေ … စာတွေ …

ဖတ်ဖြစ်ပါတယ် ... ။


စေတနာ ၊ နာလို ခံခက်မှု ၊

စိတ်အားငယ်ခြင်း ၊ တွန်းတိုက်သံ ၊ ကြွေးကြော်သံ

ကိုယ်ရည်သွေး တီးလုံး

လုံ့လကို ညှာပြီး ညှစ်ထုတ်လိုက်ခြင်းတွေ …

အမှတ်ရရ ရှိရသော

စာမျက်နှာများ …

ခင်ဗျားတို့ ရင်ဘတ်

ခင်ဗျားတို့ အသီ အနွဲ့အား

မှီငဲ့ပြီး မြည်သော အသံများ ...

မိန်းမောမှု အကြောင်း လေ့လာရင်းက …

နှလုံးခုန်သံ စည်းချက် နဲ့

တစ်ရက် တစ်ရက်

တစ်ခါ တစ်ခါ

သွေးမတော် ၊ သားမစပ် ၊

မမြင်ဘူး ၊ မသိဘူး

မကြံဖူး ၊ မကြားဖူးသော ခြင်းရာများထဲ

စိတ်ကို ဖြုန်းဖို့

ဒီ အချိန် ကို သုံးခဲ့မိပါတော့တယ် ။    ။



PM 9:13 10th MAY 2010

LinkWithin

Related Posts Plugin for WordPress, Blogger...