Monday, September 17, 2012

History ခပ်ညံ့ညံ့ ငနဲတစ်ကောင် သံသရာထဲမှာ ပျော်နေခဲ့တယ်


ပင်လယ်ထဲ ရေငတ်နေရသလို

ပန်းမခူးရ ဆိုင်းဘတ်တွေ အပြည့် ပန်းခင်းထဲ ရောက်နေသလို

ဖျာလေးတစ်ချပ် နဲ့ ပွဲလန့်ချိန် စောင့်နေရသလို

မ၀ယ်ဘဲ အမြည်းစားလို့ ရတဲ့ ထိုးမုန့်ဆိုင်တန်းထဲ

ဝင်လျှောက်ဖြစ်တဲ့ ညနေခင်းတွေလို

သံသရာထဲမှာ ပျော်နေခဲ့တယ်



မနက်ဖြန် ၊ မနက်ဖြန် နဲ့ ပဲ

ညနက်နက်တွေထဲ ပေ' အိပ်ရ

လေညှင်းလေးတွေ ၊ မိုးဖွဲလေးတွေ နဲ့

နောင်ဆယ်စုနှစ်များစွာမှာ ... ဆိုတဲ့

စိတ်ကူး နဲ့ ပဲ

သံသရာထဲမှာ ပျော်နေခဲ့တယ်


ကြယ်တွေသီ

ခေတ်ပေါ် ဆက်သွယ်ခြင်းတွေ နဲ့

စိတ် တစ်ခု က စိတ် တစ်ခု ဆီ ချိတ်ဆက်ခဲ့

အချိန်တွေက အတောမသတ်ဘူး ထင်မိဟန် တူပါရဲ့

ကိုယ့် ကိုယ် ကိုယ် ညာနေကြ အတိုင်း ဆက် ညာ

သံသရာထဲမှာ ပျော်နေခဲ့တယ်

အချိန်တန်တော့ အိမ်ပြန်မယ်' လုပ်တယ်

အိမ်' လို့ စိတ်ကို သိအောင် ပြောကြည့်တယ်

စိတ်ကို စကားပြောရတာ ဒီတစ်ခါ အခက်ဆုံးပဲ

ဘ၀ဆိုတာ ပြေးနိုင်သလောက် ပြေး ဆိုလား ...

လူကောင်းဖြစ်ဖို့က လူဆိုးဖြစ်ဖို့လောက် မလွယ်ဘူး ဆိုလား ...

များလိုက်တဲ့ ... အဆိုအမိန့်တွေ ... ဒဿနတွေ ...

ဒီဘက် သတိ နဲ့ လိုက်မှတ်မိသမျှက

ဟိုဘက် သတိ နဲ့ သိလိုက်သမျှ လောကဓံမှာ

အလွယ်တကူ ပျောက်ဆုံးသွားတတ်ကြစမြဲ


ဒီလိုနဲ့ ...

History ခပ်ညံ့ညံ့ငနဲ တစ်ကောင်

သံသရာထဲမှာ ပျော်နေရခြင်းက

တင်ဆက်နေကြ သတင်းများ ပုံစံ

ပြီးပြီးပျောက်ပျောက် ။   ။





PM 11:30 16th SEPTEMBER 2012

3 comments:

မိုးနတ်ကြယ်စင် said...

ကဗျာသစ်လေးအားပေးသွားတယ်နော်..
ဖတ်ရတာတစ်မျိုးလေးပဲနော်...

အချိန်တန်တော့ အိမ်ပြန်မယ် လုပ်မိတယ်

အိမ်´ လို့ စိတ်ကို သိအောင် ပြောကြည့်မိတယ်

စိတ်ကို စကားပြောရတာ ဒီတစ်ခါ အခက်ဆုံးလားပဲ

ဘ၀ဆိုတာ ပြေးနိုင်သလောက် ပြေး ဆိုလား

လူကောင်းဖြစ်ဖို့က မလွယ်ဘူး ဆိုလား

ဒီဘက် သတိ နဲ့ မှတ်လိုက်မိသမျှက

ဟိုဘက် သတိ နဲ့ သိလိုက်သမျှ လောကဓံမှာ

အလွယ်တကူ ပျောက်ဆုံးသွားတတ်ကြစမြဲ

ဒီအပိုဒ်လေးကိုကြိုက်မိတယ်
ခင်မင်နေတဲ့ မိုးနတ်

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကကောင်းလိုက်တာ။အားပေးလျက်

မြတ်နိုးသူ said...

ကဗျာလေးအားပေးခံစားသွားပါတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...