အစုန်အဆန် လှိုင်းကြက်ခွပ်ကလေးတွေထဲ
တက်မပါ ၊ ရွက်မပါ
လက် နဲ့ သာ ယက်တွားနေတော့ ...
သတိပေးတဲ့ အသံတချို့လည်း
အတော်ဝေးဝေးမှာ ကျန်ခဲ့ပြီ ။
သူရဲကောင်းယောင်ယောင် ၊ သူတောင်းစားယောင်ယောင်
ငွေကြေးကို အလေးမထားသူယောင်ယောင်
သရုပ်ဆောင်ခဲ့ ...
ကျရာ ဇာတ်ရုပ် အတိုင်း ပေါ့ ...
ဘ၀က လပေါင်း (၆၀) စာ နှေးကွေးလေးလံနေပြီး
လမင်းလေး ရှိတဲ့ည က ပဲ
မျှော်လင့်ချက် အ၀တ်တန်ဆာတွေ နဲ့
စိမ်းမြမြ စိုခဲ့ပေမယ့်
အိပ်မှုန်စုံမွှား စိတ်ကူးပေါက်ရာ မို့လား မသိဘူး
ဒီနေ့တော့
မနေ့ကလောက်ကို
အိပ်စက်ခြင်းမှာ ဆား” မပါ ...
ဖြစ်ပြီးရင်း ပျက်ပျက်နေတတ်တဲ့
သဘာဝ ဓမ္မ ကိုလည်း အမြင်ကတ်လိုက်ပ
ဒုက္ခကို ပိုးမွေးသလို မွေးလာပြီး
ဒီမျောက်ကို ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ ပြောမရမှတော့ ...
ကဲ ... ဟစ်ပိုခရေးတီးစ်ရေ ...
ကျုပ် လှေဝမ်းထဲ ခဏလောက် ကြွခဲ့လိုက်ပါ
လရောင်ထဲ ဘ၀ကို ထည့်ပေါင်းမိရာက
ဟစ်ပိုခရေးတီးစ် နားနီး ဟစ်ပိုခရေးတီးစ် များ ... ဖြစ်မလား တွေးရမတဲ့ ...
13th January 2004
No comments:
Post a Comment