Sunday, September 8, 2013

ဒီထက် ပိုလွမ်းတတ်ရင် လွမ်းလိုက်ဖို့ ...



လက်သာရာ ... အငိုတိတ်စေကွယ် ...
အလိုလို ဆိတ်သွားမယ့် ...
နှလုံးခုန်သံများ အကြောင်း မတွေးတော့ကြေး ...
အပြုံးတစ်ချက် နဲ့ စတင်' ပစ်ဖောက်ခဲ့လေတဲ့ ...
တိုက်ပွဲဟာ လည်း 
အနမ်းငွေ့ ... မျက်ရည်အစအန ...
အပိုင်းပိုင်း အထစ်ထစ် စိတ်ကူးများ နဲ့ ...
အဆုံးသတ်ခဲ့လေပြီ

ရမ္မက်တို့ ရဲ့ စေစားရာလမ်း အတိုင်း
မင်း' လှမ်းလျှောက်လာခဲ့တာ ... ဆိုကြပါစို့ရဲ့ ...
အသက်ရှူသံတွေ မြည်နေလိုက်ပုံ ကို က
ဒိန်းဒိန်းဒိုင်းဒိုင်း ... ဒိန်းဒိန်းဒိုင်းဒိုင်း ...
ဆင်မယဉ်သာ ကျီစားရာ
တစ်အိတ် လုပ်မိတဲ့ တစ်ဆိတ်မှာ မခံချိ မခံသာ
စိတ် နဲ့ တံဆိပ် ဟာ အလဲလဲ အကွဲကွဲ


ဒီထက် ပိုပြီးလည်း မတတ်နိုင်တော့ဘူးကွယ် ...
စိုင်းထီးဆိုင် သီချင်း တစ်ပုဒ် လို ...
မင့် နာမ ကို
စဉ်ဆက်မပြတ် သတိရနေခြင်း ဆီ က
ဖြုတ်လိုက်ရ တပ်လိုက်ရ
ရှင်သန်လိုစိတ် လေး တစ်မှုန်တစ်မွှား ကို
ခြောက်ခြောက်ခြားခြား အိပ်မက်များ ဆီ က
အလုအယက် ဆွဲယူရ တွဲခေါ်ရ
နောက်ဆုံး အလွမ်းတစ်ရှိုက်စာ
မင့် အရိပ်တွေ အပေါ် ရိုကျိုးနေရခြင်း က ပဲ
ဒီ အဓိပ္ပာယ် အလုံးစုံ အပေါ်
အနှစ်သာရ  ပြည့်ဝစေခဲ့တော့တယ် ...    

PM 8:24 MAY 2012

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...