Wednesday, September 4, 2013

လိုအပ်ချက် ထက် ပိုမို ကွဲပြား



ကိုယ့် သေနတ် ကိုယ် ကျည်ထိုး

မီးခတ်ကြတာချင်း အတူတူ

ဘယ်သူ့ ဥပဒေသ က

ရိုးမ နဲ့ လိုက်လျောညီထွေ ရှိနိုင်မတဲ့လဲ

ဂူပတ်ဝန်းကျင် ဆီ စောင့်ရှောက်

တစ်မိုးအောက် ဖျောက်ဆိပ် ...


ကိုယ့် ပယ်နယ်တီ ကိုယ် နေရာယူ

ကန်သွင်းကြတာချင်း အတူတူ

ဘယ်သူ့ ဘယ်ဘက်ခြေထောက် က

ရွှေလက်အိတ် ကို လွတ်ကျစေနိုင်မတဲ့ လဲ

အိမ်ကွင်း ၊ အဝေးကွင်း သတိရ

လက်ခုပ်သံ ရဲ့ ရသ နှစ်ခု ...

ကိုယ့် ဈေးဝယ်လမ်းညွှန် နဲ့ ကိုယ်

လှည့်ပတ်ကြတာချင်း အတူတူ

ဘယ်သူ့ ကန်သင်းရိုး က

ဘယ်သူ့ ပြဿဒ် ဖြစ်စေနိုင်မတဲ့ လဲ

ကမ္ဘာကြီး ပူနွေးလာမှု အရ ပဲ ဖြစ်ဖြစ်

ခေတ်ပေါ် ရှေးဟောင်း အနုပညာ ...


စေတသိက် အရ တွေးခေါ်ခြင်း ...

အသက်ရှခြင်း အလိုက် အဘိဓမ္မာ ...

ခင်ဗျားတို့ ... ကျွန်တော်တို့ ...

နေပျော်ချင်စရာ ... ကောင်းကြပါစို့ရဲ့ ...

အတွေ့အကြုံ ဆိုတာ ...

အနိဌာရုံ တွေ က လည်း ... ရတတ်တာမျိုး ... ။    ။





1st September 2011

2 comments:

လသာည said...

ကိုယ့်အင်တာနက်ခ ကိုယ်ပေးပြီး ဘလော့ကြတာချင်းတူတူ ဘယ်သူက ဘလော့ပိုကောင်းသလဲတဲ့..။ အကုန်ကောင်းတာချည်းပဲ :D

ဟုတ်ပါ့ ဘလော့ဂါတစ်ခေတ်ရောက်ပြီ ထင်ပါတယ်။ စာတွေ ကဗျာတွေ အများကြီး ရေးပါဦး ...

နှင်းနုလွင် said...

လွတ်လွတ်လပ်လပ်ကို ကွဲပြားနေကြတာပါပဲ

LinkWithin

Related Posts Plugin for WordPress, Blogger...