Saturday, October 26, 2013

ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း


အဘိဓမ္မာ တစ်ရပ်က

အကြောင်းကြောင်းသော အကြောင်းကြောင်းများ အပေါ်

နားလည်လက်ခံဖို့ ဖြစ်ပြီး ...

နောက် အဘိဓမ္မာ တစ်ရပ်က

နံရံ ကို ခေါင်း နဲ့ ပြေးဆောင့်တာမျိုး ဖြစ်ဖြစ်

ကျောရင်အပြည့် ဗုံးကပ်ထားတဲ့ စနက်တံကို ဆွဲဖြုတ်လိုက်တာပဲ ဖြစ်ဖြစ်

ရှူးရှူးဒိုင်းဒိုင်း တစ်ခုခု လုပ်ပစ်လိုက်ဖို့ ဖြစ်မယ် ...

အဖြူ မဟုတ်ရင် အနက်

ခေါင်း မဟုတ်ရင် ပန်း

လမ်း မဟုတ်ရင် ချောက်ကမ်းပါး

ပင်လယ် မဟုတ်ရင် ကောင်းကင်

နွေ မဟုတ်ရင် ဆောင်း ပေါ့ …

ဟိုလိုလို ဒီလိုလို တွေ နဲ့

ဟိုလိုလို ဒီလိုလို ဖြစ်နေတာ က ကြာခဲ့ပြီ

အားလုံးပြီးသွားရင် အားလုံးပြီးတာပါပဲလေ ...

အခု ခက်နေလိုက်ပုံက

တစ်ခုခု ဆို အားနာ' နေရတာ နဲ့

ကျုပ်တို့မှာ ... ဘာမှကို ဖြစ်မလာတတ်တော့ဘူး

ဒီလို နဲ့ ...

ဒီ တစ်နှစ် ကုန်သွားရင်

အရင်လို နောက်တစ်နှစ် ပဲ ရောက်လာပြန်ဦးမလား ... ။    ။








10:00 AM 26th October 2013

1 comment:

Aunty Tint said...

Do or Die , shouldn't hesitate what ever you do , how ever you think.

LinkWithin

Related Posts Plugin for WordPress, Blogger...