Monday, May 19, 2014

ဒီလိုနဲ့


ဥဒဟို ကားတွေ ၊ ဆိုင်ကယ်တွေ

အလျားလျားအထွေထွေ မီးရောင်စုံ လူရောင်စုံတွေ

မျက်စိတဆုံး လမ်းတဆုံး မီးခိုးမဆုံး မိုးမဆုံး

အိမ်အပြန် လူခြေတိတ်တိတ်

တစ်ဆိုင်ဆိုင်မှာ ...

အလုပ်တွေ ၊ အိပ်မက်တွေ တပုံတပင် နဲ့

မနက်ဖြန်တိုင်းဟာလည်း

အားလပ်ရက် နဲ့ ဝေးကွာလို့

သက်ပြင်း ဟာ ပျင်းပျင်းပျပျ တိုးထွက်သွားခဲ့

နှစ်ယောက်လုံး ကြိုက်တတ်တဲ့ သီချင်းတွေ

တစ်ယောက်တည်း

နားကြပ်တစ်စုံ နဲ့ ခပ်တိုးတိုး နားထောင်လို့

ရယ်စရာတွေ ပြောဖြစ်ကြပေမယ့်

ငါတို့ မောနေခဲ့ကြတယ်

လောကဓံ ရဲ့ ရွှေ့ကွက်တွေထဲမှာ

ကိုယ့် သမိုင်း ကိုယ် ရေးကြမယ် လို့ လည်း

ကယောင်ကတမ်း အော်တဲ့အခါ အော်မိခဲ့ကြတယ်

သတိရတဲ့ အရောင် နဲ့

အုံ့မှိုင်းသွားသော ညနေ ဟာ

ရွာရန်ရွာနှုန်းသက်သက် သတင်းတစ်ပုဒ် လို

အထိမ်းအမှတ်နေ့ မှာ ဝတ်မယ့် ဝတ်စုံတွေ ဟာ

သေတ္တာထောင့်ခြေလေးမှာ သေသေသပ်သပ် သိမ်းခေါက်လို့

မနက်ဖြန် မနက်ဖြန် နဲ့

ယုံကြည်ချက် ကိုပဲ အထပ်ထပ် ရေလောင်းပေါင်းသင်လို့

အိုအေစစ်တွေ အကြောင်း စကားမစပ်ကြတော့ဘူး

စာတိုစာရှည်တွေ အကြောင်း အစမလုပ်ကြတော့ဘူး

စကားလုံးတချို့ဟာ စိတ်မှာပဲ ခဏ ခဏ ပြယ်ပျောက်လို့ ...

ကြိုးတန်း'လမ်း နဲ့ ချောက်ကမ်းပါးနေ့တွေ ကြားမှာ

မိနစ်အနည်းငယ်စာ အသံပါးပါးတွေ အရ

ညတွေလည်း ငြိမ်သက်တိုးလျသွားတော့တယ် ။    ။



 

 

PM 9:40 15th May 2014

1 comment:

Unknown said...

မိနစ်အနည်းငယ်စာ အသံပါးပါးတွေ အရ
သံယောဇဉ်ကြိုးမျှင်လေးကို ဆွဲဆန့် လို့ ...

LinkWithin

Related Posts Plugin for WordPress, Blogger...