အလွမ်းဓါး ဖြင့် ငါတို့အား ပိုင်းခြားကြတော့အံ့ ...
မြောက်လေတသိုက်
လှိုက်မောဖွယ် တေးအလိုက် နှင့်
ကသုတ်ကရက်နိုင်စွာ ...
အိပ်မက်အစုံစုံ အမှတ်ရဖွယ် ဖြစ်ရပ်တို့ နှင့်
နင့်နင့်နဲနဲနိုင်စွာ ...
သံယောဇဉ် ရထား ဟာ
တခမ်းတနား ဆိုက်ရောက်ခဲ့ချေပြီ ။
ငါတို့မှာ
အတူရှိချိန်တွေ နည်းပါးလေသမျှ
ဤကဲ့သို့သော ညများတွင် များနိုင်သမျှ များများ တမ်းတနေကြရတော့အံ့
ဤကဲ့သို့သော ခဏများတွင် များနိုင်သမျှ များများ မျှော်ရီနေကြရတော့အံ့
ဤကဲ့သို့သော တံဆိပ်များ နှင့် ... များနိုင်သမျှ များများ
တစ်ယောက်ဆီ တစ်ယောက် အပြန်အလှန် လွမ်းစိတ်များ အကြောင်း
တရံမလပ် သတိရနေခြင်း အကြောင်း ပြောပြနေကြရအံ့
တစ်ယောက်ဆီ တစ်ယောက် ဖော်ကွာဝေးအနမ်းများ နဲ့
တစ်ယောက် အိပ်မက် မှာ တစ်ယောက် ပါဝင်ဖို့ ဆုတောင်းနေကြရအံ့
တစ်ဦး အကြင်နာ ဆီ တစ်ဦး မေတ္တာ အရ
သစ္စာစကားများသာ ပြောပြနေကြရတော့အံ့
အလွမ်း ပြီးရင်း အလွမ်း ပဲကွယ် ...
မွန်မြတ် သန့်စင်သော ချစ်ခြင်းတရား မှာ
အလွမ်း ကို ပြုစုပျိုးထောင်ဖို့
အလွမ်း ကို ဂုဏ်ဒြပ်တစ်ခုလို မှတ်ယူဖို့
အလွမ်း ကို အနမ်းတွေတိုင်း အပေါ် သက်မောလျလျ ရှိစေဖို့
ငါတို့ အလွမ်းတွေ လည်း အဓွန့်ရှည် ခဲ့တော့တယ် ။ ။
PM 9:28 2nd January 2014
No comments:
Post a Comment