Saturday, August 31, 2013

ရိုးရိုးလေးပဲ ပြောချင်တယ်


မိုးလင်း က မိုးချုပ် ...
ဝင်လေ ထွက်လေ လို ...
သတိရစိတ် နဲ့ ...
ချစ်ခြင်း ဟာ ...
တစ်ရက် ထက် တစ်ရက် တိုး
သေချာလာခဲ့ ...

ဂရုတစိုက် ... အနားယူပါ ...
အနားမှာ ... ရှိမနေနိုင်သေးလို့ ...
ဂရုစိုက်ဖို့ ...
ပျက်ကွက်နေရတဲ့ ... ၀န်တာတို့ အပေါ် ...
နားလည်ပေးပါ ...

ကျန်းမာရေး နဲ့ အညီ စားသောက်ပါ ...
ကြိုတင် ကာကွယ်ခြင်း က
ကုသခြင်း ထက် ပိုကောင်းတယ် ဆိုတာ
မမေ့လိုက်ပါနဲ့ ...

အလွမ်း နဲ့ တကွ ... စိတ်အာရုံ ထက်ဝက်လောက် ကို
ပို့ထားပါတယ် ...
အဲဒီ စိတ်တွေ အတွက် ...
လောက နဲ့
အဆင်ပြေအောင် ၊ ပျော်ရွှင်အောင် ... နေပေးပါ ...
ဒါမှ သူတို့တွေလည်း ပျော်ကြရှာလိမ့်မယ် ...

တစ်နေ့နေ့ ဟာ ...
သေချာနေတဲ့ ချစ်ခြင်းတရား တွေ အတွက် တော့ ...
မကြာမီ " လို့ အဓိပ္ပာယ် ရကြောင်း ...
ယုံကြည်ထားပြီး ...
တစ်ယောက် က တစ်ယောက် ဆီ
တိုးဝင်ဖို့ ...
တစ်လှမ်းချင်း လှမ်းနေရ ...
တစ်နေ့ချင်း ဖြတ်သန်းနေရတာက ...
ငါတို့ မေတ္တာတရား ကို
နေ လို ကမ္ဘာ လို ...
ထုထည်ခိုင်မာစေဖို့ ... ထုဆစ်ရခြင်း ပေါ့ ...။    ။

 

AM 9:23 31st August 2013

3 comments:

Angelhlaing(May everybody be happy and healthy! said...

ခြေခင်းလက်ခင်းသာလို့တော့မဟုတ်ဘူး တမင်တကာ လာလည်သွားတာ..... Fb မှာ ဖတ်ပြိးပေမယ့် နောက်တစ်ကြိမ် ခံစားဖြစ်သွားတယ်ဗျို့..:)

Lorem Ipsum said...

ကဗျာလေးလာဖတ်သွားပါတယ်ရှင့်..ဆုမြတ်လည်းကဗျာချစ်သူပါး)

ခင်မင်လျက်
ဆုမြတ်

ကြည်ဖြူပိုင် said...

ရိုးရိုးလေးနဲ့ ရေးတဲ့ ကဗျာလေးက
နူးညံ့ညင်သာခြင်းတွေ အပြည့်ပေးလို့ စိတ်ချမ်းသာစရာလေး ဖတ်ရင်းနဲ့တောင် ကြည်နူးစရာလေး
ဒီကဗျာလေး ကြိုက်တယ်။
တခြားကဗျာလေးတွေလည်း တဖြည်းဖြည်းချင်းလာဖတ်ပါဦးမယ်။

လာလည်သွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်။
လင့်ချိတ်သွားတယ်နော်....း)

LinkWithin

Related Posts Plugin for WordPress, Blogger...