တခါတရံ
အဖေ့ကို လွမ်းလိုက်
တခါတရံ
အမေ့ကို လွမ်းလိုက်
တခါတရံ
အဲဒီအချိန် ရဲ့ ငါ့ကို လွမ်းလိုက်
လွမ်းစရာ ရှိ နာစရာ နဲ့ ဖြေ ဆိုပေမယ့်
ရံဖန်ရံခါ
အဲဒီ အနာလေးတွေ ပြန်လွမ်း
ကိုယ်အနားမှာ ကိုယ်ပဲ ရှိတဲ့ အခါ
အိပ်မက် ဟာ ဆားမပါတော့ဘူး
ကိုယ့် နဖူး ကိုယ် ပြန်စမ်းမိချိန်မှာ
အဖျားသွေး ဟာ တစ်ရာကျော်သွားခဲ့ပြီ ။
ဒီလို နဲ့
တခါသားတော့ …
မိဝေးဖဝေး မြို့ကြီးတစ်မြို့မှာ
အိုးပစ်အိမ်ပစ် အလွမ်းစစ်စစ် တွေနဲ့
သူမ တိုက်တဲ့ အမုန်းဆေးခါးတစ်ခွက် သောက်ရင်း
ကျွန်တော်
အလွမ်း ကိုယ်ခံအား ကောင်းခဲ့တော့တယ် ။ ။
နွန် လတ်
3 comments:
မိဝေးဖဝေးမှာ လွမ်းရတဲ့ စိတ်ခံစားချက်ကို ကိုယ်ချင်းစာမိတယ် တကယ်..
ကဗျာလေးကိုလာအားပေးပါတယ် လင့်လေးပါယူသွားတယ်နော်
တီတင့်ရဲ့လင့်ခ်အဟောင်းက အော်တိုပိတ်သွားလို့ အခုလင့်ခ်အသစ်ပြောင်းထားတယ် သိင်္ဂါရရေ... ရှာနေတာကြာပေါ့ ခုတော့တွေ့ပြီ ... :)
ဖျားတဲ့နေ့လေး ခံစားသွားတယ်နော်.
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment