Saturday, May 26, 2012

အိပ်မက်


အိပ်မက် ’ ဆိုတာ …

နှစ်ယောက် ပြိုင်တူ မက်လို့ ရတယ် လို့ …

ဘယ်တုန်းကများ ကြားဖူးလို့လဲကွယ် …

အန္တရာယ် ရှိတဲ့ စကားတွေ က

ရင်ဘတ်ပေါ် ...

မိုး ' လို တစ်ပေါက်ချင်း ရွာကျတယ် ...

အပြင်မှာ နေပူနေတော့ ...

လူတွေလည်း ...

ကျွန်တော် တစ်ယောက်တည်း ...

မိုးထဲ လေထဲ ၀ုန်းဒိုင်းကြဲနေတာ

ဘယ်သူမှ သတိမပြုမိလိုက်ကြတော့ဘူး ... ။   ။






PM 2:30 25th MAY 2012

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...