ဖြတ်ပြီး ခတ်ညှင်းသွားသော လေ’ အသွဲ့မှာ…
သွင်လဲ့ စီးလွင့်သွားသော စမ်း’ အကျမှာ…
ငြိမ်းအေးသော အလျဉ်လေးဟာ
လွင့်ပါသွားတတ်မြဲ…။
အပြိုးအပြက်
အငဲ့အလှည့်တွေ
များမြောင်လှချည့်
မနက်ဖြန် အလျင်မှီဖို့ထက်
ဒီနေ့ အတွက်တောင်
လက်စ' မသတ်လိုက်နိုင်တာတွေ ရှိလာ…။
ဒီဘက်ခေတ် လူ့ဘောင်မှာ
ကျွန်တော်တို့…
ရိုးသားစွာ…
အကြင်နာတရား ပြတ်လပ်သွားတဲ့ အခါတွေ
ရှိခဲ့ပါရဲ့
ကျားကုတ်ကျားခဲ…
ကိုယ့် ထမင်းအိုးလေး ကိုယ်တည်ရင်း
မိုးစုန်းစုန်း ချုပ်သွားတဲ့ နေ့တွေ
ရှိခဲ့ပါရဲ့
ရာသီဥတု ဒဏ်ကို ခံနိုင်ဖို့
ကိုယ့် ကိုယ်ကြပ်အင်္ကျီလေး ကိုယ်
တန်ဆာဆင်ရင်း
သူတကာ ဓါးလှံလေးမြှားတို့အတွက်ပဲ
ရင်သပ်ရှုမောပေးလိုက်ရတဲ့ နေ့တွေ
ရှိခဲ့ပါရဲ့
အမှန်တကယ်
သင်က ဘာကို လိုအပ်ပါသတဲ့ လဲ
မိတ်ဆွေ…
သေချာတာကတော့…
လုပ်သင့်တာလေးတွေ လိုက်လုပ်နေတုန်း
အမြန်ဆုံး နှုန်း နဲ့ ကုန်သွားတတ်တဲ့ အချိန်တွေထဲ
ဆန္ဒ ဒါမှမဟုတ် အိပ်မက် ဆိုတာတွေ ဟာ
မသိလိုက် မသိဘာသာ
လုပ်ခွင့်မရလိုက်တော့မှာမျိုး…။
15th October 2009
No comments:
Post a Comment