Tuesday, May 29, 2012

ငိုင်နေတယ်




ငိုင်နေတယ် …

ထုံးစံအတိုင်း မနက်စာ

ထုံးစံအတိုင်း လမ်း အကြပ်အတည်း

ထုံးစံအတိုင်း နေ့တစ်ဓူဝ

ထုံးစံအတိုင်း ဆူညံမှုထဲ

ငိုင်နေခဲ့တယ် …


နှာသီးထိပ်မှာ ဖြစ်လေသော လောဘ

အာသီးထိပ်မှာ ဖြစ်လေသော ဒေါသ

အာရုံသိမှာ ငြိတွယ်သော မောဟ နဲ့

ငိုင်နေခဲ့တယ် …


မိရိုးဖလာ ဆိုတာ

အသက်ဓာတ် နဲ့ ကြေးထပ်ရတဲ့ လောင်းကစားပွဲ

ထုံးတမ်းစဉ်လာ အရ

ကံမကောင်း ရင် ပဲ

အနက်ရောင် ၀တ်မိခြင်း ကြောင့် လိုလို

ဖြေသိမ့်ပစ်လိုက်ရတဲ့ နေ့ ...


ယဉ်ကျေးမှု သမိုင်းတလျှောက်

ဘီကီနီ ကို

ကိုယ်ဝန် ဖျက်ချခြင်း ထက်

လူမြင်သူမြင် အိနြေ္ဒသိက္ခာ လို့

နားလည်ထားပြီးနောက် …


ငိုင်နေတယ် …

မူးယစ်ဆေးဝါးပဲ ဖြစ်ဖြစ်

လောင်းကစားပဲ ဖြစ်ဖြစ်

အရက်ပဲ ဖြစ်ဖြစ်

မိန်းမပဲ ဖြစ်ဖြစ်

လူသားချင်း မစာနာတဲ့

ကိုယ်ချင်းစာတရား ဆိုတဲ့ စကားလုံးမျိုးပဲ ဖြစ်ဖြစ်

နဲ့ ...

ငိုင်နေခဲ့တယ် …


ပျိုးကြဲထားရင် ရိတ်သိမ်းစရာ ရှိရမယ် တဲ့ …

မြီရှင် ဖြစ်ရင် မြီစားဖို့လောက်ပဲ သိစိတ် နဲ့

နိုင်ငံကြီးသား ဆန် ချင် တဲ့

ထိုနေ့တွေမှာ …

ထုံးစံအတိုင်း …

ငိုင်နေတယ် …။   ။




PM 9:11 24th APRIL 2010

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...