Wednesday, May 30, 2012

ဧည့်ကောင်းဆောင်ကောင်းများနဲ့ နေ့

စိတ်တံခါးကို ဂျက်ချပြီး

လူမှုရေး ပီသတဲ့ အပြုံးတွေ လိုက်ချိတ်ဆွဲ

ဆယ်စုနှစ်တစ်ခု ဆိုတာ …

မိုးဦးလေဦး နဲ့ အတူ

ကျဆင်းသွားလေသော အပူချိန် စင်တီဂရိတ်

ဖွယ်ဖွယ်ရာရာ ချိန်ခါများမှာ

မဖွယ်မရာ မလုပ်မိဖို့ … ။


စိတ်ဖိစီးမှု တို့ … ၊ ဒဏ်ရာ အနာတရ တို့ …

နောက်ထဲ အခန်းတစ်ခုမှာ သွားပစ်ထည့်ထားလိုက် …

ထဲထဲဝင်ဝင် ၊ စာစာနာနာ ၊ ဖေးဖေးမမ

ဖြည်းဖြည်းမှ ပြောကြတာပေါ့ဗျာ …

အခု လက်ဆွဲနှုတ်ဆက်မိချိန်လေးမတော့ …

လောက၀တ်ပျူငှာ

“တွေ့ရတာ ၀မ်းသာပါတယ် …”

“နေကောင်းထိုင်သာ ရှိပါရဲ့လား …”

“အားလုံး အဆင်ပြေပါတယ်နော် …”

ရေလဲစကား တစ်ခွန်းခွန်း နဲ့

စတင်မိတ်ဆက်ခန်း ကို

ကျွန်ုပ်တို့ … အထမြောက်စေစို့ရဲ့ … မိတ်ဆွေ …။    ။





PM 5:45 30th MAY 2010

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...