Tuesday, May 29, 2012

လေချွန်သံ အလိုက် နဲ့ တေးချင်း တစ်ပုဒ်



မနက်ဖြန် နံနက် အရုဏ်တက် မှာ

သင် ပန်ဆင်ရန်

ပန်းတစ်ကုံး သီကုံးဖို့ ရာ

မုန်တိုင်း ရဲ့ ကာရန် တွင်

မိုးနည်း ရေစဲ ဆုတောင်းတို့ နဲ့ အတူ

ယနေ့ည သန်းခေါင်ယံ တိုင်

ကျွန်ုပ် ရှင်သန်လျက် ရှိ၏ ။


သန်ဘက်ခါ ည စက်ရာ မှာ

သင့်အား

မွေ့သွေ့စွာ နားစက်နိုင်စေဖို့ ရာ

ကြယ် နက္ခတ် တို့ နဲ့ အတူ

ကောင်းကင်ကကြိုးကို

ကျွန်ုပ် ဆင်ယင်လျက် ရှိ၏ ။



အသီးသီးသော အိပ်မက်များနှင့်

အထည်ဝါဆုံး စိတ်ကူးတို့အား

ဖြစ်တည်ခွင့် အတွက်

သင့်ထံ ကူးသော

ချောက်တံတား ကို

ကူးဖြတ်ခွင့် တော့ …

သင့်လက်တွင်းမှာသာ ။    ။





 PM 4:00 MAY 2008

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...