Tuesday, May 29, 2012

ဆိုင်ကယ်


စူပါကပ် ဆိုတာလေးတွေ စီးကြတယ် ။

လူတကာကို နှပ်ချင်တဲ့ အတွေးတွေ ပါမပါတော့ …

ပြောမတတ်ဘူး ။

မျိုးကောင်းရိုးကောင်း မိကောင်းဖခင် သားသမီး လုပ်ချင်ကြတယ် ။

စာနာစိတ် မဲ့လို့ သေသွားခဲ့တဲ့ ဘ၀တွေ အကြောင်းတော့ မပါကြေး ...


လမ်းဘေးက ကပ်စီးမယ် ။

မီးနီရောက်ရင် ရပ်မယ် ။

အကွေ့ရောက်ရင် ဟွန်းတီးမယ် ။

စည်းကမ်းလိုက်နာပြလိုက်ရင်ပဲ လူ' ပီသပြီ မဟုတ်လား ။

ခေတ်ပေါ်စည်းကမ်း အတိုင်း နေမယ် ။

ခေတ်ပေါ်ဓလေ့ထုံးတမ်း အတိုင်း ...

ခေတ်ပေါ်ဝတ်စားဆင်ယင်မှုအတိုင်း …

ခေတ်ပေါ်လူကြိုက်များမှု အရ …

တချို့သော အရာတွေက နောင်ခါလာ နောင်ခါဈေးပေါ့ …


ဦးထုပ်ဆောင်းလိုက်ရင်

နောက်ကြည့်မှန် တပ်လိုက်ရင်

သူလိုငါလို ဖြစ်သွားရောပေါ့ …

လမ်းမပေါ် တက်လာခဲ့တာတော့ ဟုတ်တယ် ။

မတော်တဆမှု တစ်ခု ဖြစ်တော့မယ် ဆိုရင်တော့ …

ငါလည်းပဲ

မင်းလို ကြောက်မိတယ် ။    ။



No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...