ဘယ် တံခါးရွက် အသံ နဲ့ မှ
ငါ့ အိပ်စက်မောခြင်း ဆီ မနှောင့်ယှက်လိုက် နဲ့
ငါ့ မှောင်ရီ နဲ့ ငါ
အလင်းပျပျ ကို မလိုအပ်တာလည်း ကြာခဲ့ပြီ …
စိတ် အရ ကိုယ် မဟုတ်ပါဘဲ
ကြုံဆုံမြဲ အပြန်အလှန် အပြုံးလဲ့လဲ့တွေမှာ …
ဝတ္တရား ဆိုသော ဓါး အတိုင်း
လူ ကောင် ဆန်ဆန်
အင်း' … လိုက်ခဲ့ပါရဲ့ …။
မ' သမုတ် ကြစမ်းနဲ့ကွယ် …
နည်းနည်းပဲ မှား
နည်းနည်းပဲ မှန်
နည်းနည်းပဲ ကောင်း
နည်းနည်းပဲ ဆိုး
လူပီသ ဖို့ အတွက်
အနာအဆာ တချို့ ရှိမှ ဖြစ်မယ် ။ ။
PM 11:00 3rd MAY 2010
No comments:
Post a Comment