Thursday, May 31, 2012

ပြီးပြီးပျောက်ပျောက်



တစ်နေ့သား …

ငါ က ငါ ပျောက်သွားလို့ …

ငါ့ကိုယ်မှာ ငါ့ကိုယ် ငါ လိုက်ရှာမိပါရဲ့ …

သိမ်မွေ့သော အပြုံးစတွေ …

လွင်လဲ့လဲ့ … ရယ်သံတွေ …

မျက်ဝန်းထောင့်မှာ ပျောက်သွားတဲ့ အကြည့်စစ်စစ်တွေ …

အဲဒီနေ့ အတွက် … ငါ့ ကိုယ် ငါ ခဏလေး ပြန်တွေ့လိုက်ရတယ် ထင်ပါရဲ့ …

ပြီးတော့ ချက်ချင်းပဲ ပြန်ပျောက်ဆုံးသွားပေါ့ …

အဲဒါ ခဏလေး မှ

တကယ့် ခဏလေးပါ …

နတ်သမီး အိပ်မက် ဆိုတာမျိုး လိုပေါ့ … ။   ။






No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...