Tuesday, May 29, 2012

အလွမ်းလို့ ပြောရင် နိမိတ်ပုံ’ တစ်ခုမှ မပါကြေး




ငါ့ ရေသောက်မြစ် နဲ့ ငါ လန်းစွင့်ဖို့

ဓာတ်ကြီးလေးပါး သယံဇာတ ထဲ

အလင်းတစ်စက်မှ မပြောက်မွန်းပေးရပါဘဲ

ပေါင်းပင်တစ်မျှင်မှ မဖယ်ရှားပေးရပါဘဲ

ငါ့ မြေသြဇာ နဲ့ ငါ ကိုင်းဖြာရှက်သွေးဖို့

အပွင့်ပွင့်ဖို့ မလို ၊ အသီးသီးဖို့ မလို 

ဘယ် လောင်းရိပ် မှာမှ မမှီခိုလိုတော့

လှေကားတွေ လိုအပ်နေတုန်း လားကွယ် …


တစ်ဦး သတိရခြင်းမှာ

တစ်ဦး က အိမ့်ဆူးသွားတာမျိုး…

တစ်ဦး အနွံအတာမှာ

တစ်ဦး က သိပ်ကြီး နေရခက်ခက်

မဖြစ်လိုတာ အထိ …

ထဲထဲဝင်ဝင် ပူပန်ခဲ့ကြ


ဟိုး တချိန်ကတော့

ငါ့ဘက် နဲ့ မင်းဘက် လို့လည်း မတွေးတတ်ခဲ့

ဒီတစ်ည ငါ လွမ်းထားရင်

နောက်ညမှာ မင်းက ပြန် သတိရဖို့ ကို ... အလိုလို

ဒီတစ်နေ့ မင်း က သိပ်သတိရနေမိတယ် ပြောဖြစ်ရင်

နောက်နေ့မှာ ငါ က ပိုပြီး လွမ်းဆွတ်ရတဲ့ အကြောင်း

စူးစူးနင့်နင့် ...

စိတ်ထဲ ... ထိခိုက်ခဲ့ပုံလေးတွေဆီ

အမှတ်ရမိ … ။   ။






26th September 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...