Monday, May 28, 2012

ပေါ့ပါ့ပါးပါး



စိုင်းထီးဆိုင် သီချင်းတွေပဲ

အများဆုံး တီးဖြစ်တယ် …

တခါကလို …

ဝတ္တရားတွေ ၊ တာဝန်တွေ ၊

လူမှု စည်းကမ်းတွေ အကြောင်းလည်း …

စိတ်ကို ခဏခဏ ပြောဖြစ်တယ် ။

ဖယောင်းတိုင်မီးတွေ အကြောင်း …

Windows 8  အကြောင်း …

၂၀၀၇ မော်ဒယ် ကား ပါမစ်တွေ အကြောင်း …

မာ့ခ် ဇူကာဘတ် ရဲ့ မင်္ဂလာ သတင်း အကြောင်း …

ကိုယ် နဲ့ မနှီးနွယ်သလိုပဲ ကွယ် …။



ကောင်မလေးရယ် …

တစ်ယောက်တည်းမို့ …

တစ်ကောင်တည်းပါ သုံးနှုန်းမိခြင်း က လည်း

မင့် ကို နားဝင်မချိုစေဘူး တဲ့ လား …

နောက် ဆို ဆင်ခြင်ပါ့မယ် …

တနင်္ဂနွေ ကျရင် လည်း

ကိုယ့် ကိုယ် ကို ဖီးသင်ရဦးမယ် ..

ရယ်သံစွက်နေတဲ့ အပြုံးတွေပဲ

ကိုယ်ကပဲ လိုချင်မိတာ …

အဲဒီ့ စာမျက်နှာတွေ အပေါ်

ရေးထားခဲ့မိသမျှတို့ကို တော့ …

ခေါင်းကို တစ်ချက် ထိုးဖွပြီး …

မနေ့ညက အိပ်မက်တွေလို မေ့လိုက်ကွယ် …။     ။





PM 9:43 23rd MAY 2012

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...