ခက်ရတဲ့ အထဲ
သဘာဝ ပတ်ဝန်းကျင်ကလည်း ယိုယွင်းလာ …
မြင့်သထက် မြင့်နေသော
ခေါင်မိုးတွေကြား …
မိုးယိုသံ ကာရံလုပ်ပြီး ပျော်နေကြရ
ကြားဖူးနားဝတွေက
အလ္လာပ သလ္လာပများ ဖြစ်လာ
နိုင်ငံတကာ ၀င်ဆန့်သော
အသေအပျောက်သတင်းများ အရ
ကျွန်တော်တို့ …
ခေတ်မီ …
ဖွံ့ဖြိုး …
တိုးတက်ခဲ့ပြီ …
တစ်ကိုင်းကြိုး ၊ Half Quarter
နေ့ခင်းကြောင်တောင်
မှောင်ရီသော စာရိတ္တများ
အောက်ပိုင်းပျက်လုံးများတဲ့ ရုပ်ရှင်
တောဖြစ်သွားတဲ့ တက္ကသိုလ်များ နဲ့
တက္ကသိုလ် ဖြစ်လာတဲ့ တောများ
တစ်နှစ်ထက် တစ်နှစ်
မရိုးရအောင် ဖြစ် … ပျက်
အိပ်မက်ဆိုရင်လည်း
နိုး” လိုက်ချင်ပါပြီ …
နောဧ” သင်္ဘော မှီလိုက်ချင်တာမျိုး ထက်
မနက်ဖြန် အကြောင်း
တွေးဖြစ်ရင်သာ …
သံသရာ” မှာ အားပါဖို့ … ။ ။
PM 8:25 23rd MAY 2010
No comments:
Post a Comment