Wednesday, June 6, 2012

ခွင့်ပန်



ဘယ်တေးသွားအရ ကြော့သီသီ

ဒီကာရန်က နရီ မမှန်ဘူး တဲ့လား

ငါလည်း စကားလေး တစ်လုံးလောက် နဲ့

အားလုံး မင်သက်သွားအောင် ထိတော့ …

မတတ်စွမ်းဘူးကွယ် …



ဖြည်းဖြည်းပဲ ပြောပါရစေလား …

လူရိပ်လူကဲ ခတ်တတ်မှ

သတင်းခေတ်မှာ ၀င်ဆန့်နိုင်မယ်ဆို

အရယ်အပြုံး တဆုံးတစ ရယ် နဲ့

ကိုယ့် နိုးဖျခြင်း ကိုယ်

စွမ်းအင် ဖြည့်လိုခြင်း နောက် …

မင့် ပုံရိပ်ယောင် များက

ငါ့ ၀ိဥာဉ် အား ဖမ်းစားမှု အပေါ်

မင့် ကို ယုံအောင် ငါ ဘယ်လို ပြောရပါ့ …။   ။







PM 9:55 29th APRIL 2010

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...