Friday, June 29, 2012

အမည်မဲ့

ရူးနေပြီလား ?

ဘာလို့များ မှော်ဝင်စ ပြုနေတဲ့

ပန်းချီကား တစ်ချပ်

ငါ ကိုယ်တိုင် ရိုက်ခွဲ

သာမန်လူ ပဲ ငါ ဖြစ်ချင်ခဲ့ရတာလဲ ?

တစ္ဆေ အို တစ်ကောင် ရဲ့ အပြုံးတစ်စ

ငါ့ နှလုံးသား ထဲ စူးနစ်ဝင်

အဆိပ်တက်နေတဲ့

အိပ်ပျက်ညတွေ

တစ်စ ... တစ်စ

သွေးဆုတ် ဖြူလျော်

သြော် ... ငါ့ နှုတ်ခမ်းများလည်း

ရက်စက်တတ်စ ပြုလာပါရောလား !

တဖြည်းဖြည်း နဲ့

ဟိုးအဝေးဆီမှာ

အတိတ်တွေ အိုမင်း

နုပျိုခြင်းတွေလည်း သေဆုံးခဲ့ပါပြီ ။

ပစ္စုပ္ပန် မှာ

အနာဂါတ် အတွက် ဘ၀ တစ်ခု

ယုယစွာ ပြုစုရင်း

သတိရလိုက်မိတယ် ။

တစ်ချိန်တုန်းက

သေဆုံးဖို့ အတွက်

ငါ ...

ရှင်သန်ခဲ့ဖူးပါလား !


SUNDAY NOON

17th FEBRUARY 2004 

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...