ငါ ” များ
စတစ်ကော်လံ နဲ့ ယောလုံချည် ၀တ်ဖြစ်တဲ့ နေ့ ဆို
အဲဒီ နှုတ်သီးတွေ က
ဘာရယ် ဟုတ် တဲ့ အမှားကိုတောင်
စွတ်ရွတ်ပြီး ဖေးဖေးမမ လုပ်လား လုပ်ကြ
ငါ ” များ
ဂျင်းစုတ် နဲ့ တီရှပ် ဂုတ်ပြဲ ၀တ်ဖြစ်တဲ့ နေ့ ဆို
အဲဒီ နှုတ်သီးတွေ က
ခွေး အ တစ်ကောင် လိုလို
လင်းတ တစ်ကောင် လိုလို
သူ့ထက်ငါ ရွံရှာပြကြ
ငါ ” များ
စဏ္ဍာလ ” တစ်ယောက် တစ်လေ ကို
အားမနာ လျှာမကျိုး ပြောပစ်မိရင်
ဟိုလူ ” ဘာမှားသွားလဲလို့ တွေးချင်ကြပြီး
ငါ ” များ
နိုင်ငံ့ ကျက်သရေဆောင်
အကျော်ဒေးယျ အဟိတ်” ဒြပ်ထည်တစ်ခုခု အပေါ်
တစွန်းတစ သုံးသပ်ပြမိရင်
ဒီကောင် ” ဘာမှားနေပါလိမ့် တွေးချင်ကြပေရဲ့ …
အဲဒီ့ နှုတ်သီးတွေ က ပေါ့ …
ဓူဝံကြယ် ” တောင်ဘက်မှာ ပြောရင်
တစ်ချက်လေး ဖြစ်ဖြစ်
ဝေတိေ၀၀ါး ငဲ့” လိုက်ချင်တဲ့ မျက်ဆန် အအ တွေ ကြား …
“နောက်ကျောမှာ စာကပ်ထားတယ်” ဆိုတဲ့
တစ်ပြားတန် ပြက်လုံး ရိုးရိုးမှာ
ဟားတိုက်တတ်ကြတဲ့ နှုတ်ခမ်း အအ တွေ ကြား …
ရွာစဉ် လှည့်ပြီး
ပဉ္စလက်တဲ့ သူထူးဆန်းကို
ကိုယ့် တ၀မ်းတခါးစာလေး ဂရုမထားဘဲ
သနားချင်တတ်တဲ့ ၊ မင်သက်ချင်တတ်တဲ့
တစ်ဘက် နား ကလေး တွေ ကြား …
စကားတတ်သလောက်
အမှားကို အမှန် မှတ်အောင် သင်ယူရဦးမတဲ့ …။
ပြဌာန်းထားသလောက်
သူ့စိတ်က ကိုယ့် တံဆိပ် ပဲ ဖြစ်ရဦးမတဲ့ …။
အများ ဤ” သလောက်
ကိုယ့် စေတသိက် ကိုယ် ကျွဲ” မှတ်ရဦးမတဲ့ …။
သဟဇာတ တော့ ကျချင်ပါရဲ့ကွယ်
ကိုယ့် သံစဉ် နဲ့ ကိုယ်
တီးလိုက်မိတဲ့ နှုတ်ခွန်းဆက်မှာတော့
ကိုယ့် နရီအတိုင်း
စည်းချက်လိုက်တာ
မှားချင်လည်း မှားဦးပေါ့ … ။
9:00 PM 17th MARCH 2010
2 comments:
ကဗျာထဲကနေအများကြီးပြောသွားပြီနော်
စကားလုံးတွေနဲ့ပုံဖော်တာရယ်၊ အချိတ်အဆက်လေးတွေရယ်က တကယ်လှတယ်။ တော်လိုက်တာ။
Post a Comment