Wednesday, June 6, 2012

နောက်ဆုံးပေးစာ



စကာလုံးတွေက အားနည်းမယ် ။

တက်ကျမ်း ၊ အတ္ထုပတ္ထိ ၊ ဓမ္မစာပေ

နည်းလမ်း ဘယ်နှစ်ချက် ဆိုတာတွေ နဲ့

အသည်းအသန် ...

အချို့သော ဖြစ်ရပ်တို့ အပေါ်

မိမိကိုယ်ကို ခွင့်လွှတ်နားလည်ထားရ

ဖြစ်ပြီးမှ ပျက်ကြပါသတဲ့ ...


အတိတ်ကို ပြန်မတွေးနဲ့ ဆို

အသုံးချခံ ပစ္စည်း ဖြစ်ခဲ့ရခြင်း များ အတိုင်း

နှစ်လိုဖွယ် ...

စိတ်' ရှင်းပါစေကွယ် ...

ခေတ်ပေါ် ကာရန်

ခေတ်ပေါ် လေသံ

ခေတ်ပေါ် အဆုံးအဖြတ်အရ

ငါ့ကို ထားခဲ့ ...

တစ်သင်းတည်း ကစားဖော် မဟုတ်ခဲ့ရင်

မင်း နဲ့ ငါ

သစ္စာတရား အပေးအယူက

လိုရာမရောက် ရှိလိမ့်မယ် ။   ။






PM 8:56 6th JUNE 2012

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...