အချိန် ဆိုတဲ့ ရထားကြီး
ခုတ်မောင်းသွားတဲ့နောက်
ခရီးသည်တစ်ချို့ ...
လမ်းသစ် စ လျှောက် ...
အချင်းချင်း
တိုင်ပင်နှီးနှောရင်း နဲ့
ဘ၀ဟောင်း အကြောင်းလည်း ပြောရဲ့
အနာဂါတ် အကြောင်းလည်း တွေးရဲ့
တစ်ယောက်သော ခရီးသည်
အနာဂါတ် ကိုလည်း မကြံ
အတိတ် ကိုလည်း မပြန်
ပစ္စုပ္ပန် ရဲ့ အခြေအနေ အားလုံး
ရိုးသားစွာ ဖမ်းဆုပ်
အရာအားလုံးကို ပြည်ဖုံးကား ချခဲ့ပြီ ။
တဲအိုပျက်ထဲက
ငြိမ်သက်နေတဲ့ ရေအိုးဟောင်းတစ်စုံ
ငြိမ်ချမ်းစွာ တည်နေပါရစေ ...
အဓိက က နှလုံးသားထဲက လက်ရှိ ခံစားချက် လား ။
ဒါမှ မဟုတ်
မရှိတော့တဲ့ အတိတ်တစ္ဆေရဲ့ ပြုစားချက် လား ။
ငြိမ်းချမ်းပြီ ဖြစ်တဲ့ နှလုံးသား
တကယ်လို့များ
ခြေရာတွေ မပျက်သေးရင်
ခွင့်မလွှတ်ရင်လည်း နေပါစေလေ
တိတ်ဆိတ်စွာပဲ ... ငါ ထွက်သွားဦးမယ် ။
ခုတ်မောင်းသွားတဲ့နောက်
ခရီးသည်တစ်ချို့ ...
လမ်းသစ် စ လျှောက် ...
အချင်းချင်း
တိုင်ပင်နှီးနှောရင်း နဲ့
ဘ၀ဟောင်း အကြောင်းလည်း ပြောရဲ့
အနာဂါတ် အကြောင်းလည်း တွေးရဲ့
တစ်ယောက်သော ခရီးသည်
အနာဂါတ် ကိုလည်း မကြံ
အတိတ် ကိုလည်း မပြန်
ပစ္စုပ္ပန် ရဲ့ အခြေအနေ အားလုံး
ရိုးသားစွာ ဖမ်းဆုပ်
အရာအားလုံးကို ပြည်ဖုံးကား ချခဲ့ပြီ ။
တဲအိုပျက်ထဲက
ငြိမ်သက်နေတဲ့ ရေအိုးဟောင်းတစ်စုံ
ငြိမ်ချမ်းစွာ တည်နေပါရစေ ...
အဓိက က နှလုံးသားထဲက လက်ရှိ ခံစားချက် လား ။
ဒါမှ မဟုတ်
မရှိတော့တဲ့ အတိတ်တစ္ဆေရဲ့ ပြုစားချက် လား ။
ငြိမ်းချမ်းပြီ ဖြစ်တဲ့ နှလုံးသား
တကယ်လို့များ
ခြေရာတွေ မပျက်သေးရင်
ခွင့်မလွှတ်ရင်လည်း နေပါစေလေ
တိတ်ဆိတ်စွာပဲ ... ငါ ထွက်သွားဦးမယ် ။
Le jour ou' je me sens mal au weve.
SUNDAY NOON
1:00 AM 12th October 2004 TUESDAY
No comments:
Post a Comment