Monday, June 11, 2012

တနင်္လာနေ့



တနင်္လာနေ့က တနင်္လာနေ့ အထာ အတိုင်း

ကိုယ့် အရိပ် ကိုယ် ကြောက်နေမိတဲ့ စိတ်အပေါ်

သံပတ် ပေးလိုက်တယ် ။

နေခြည် ၊ ထမင်းစားနားချိန် ၊ မှောင်ရီ နဲ့

ရေပွက်ပမာထဲ ပုံမှန်ရက်သတ္တပါတ် လည်ပတ်သွား …

သဘာဝကို သဘာဝ အတိုင်း မဆန့်ကျင်နိုင်ခဲ့



ရုတ်တရက်ပဲ ဖြစ်ဖြစ်

လန့်နိုးခိုက်မှာတော့ …

အိပ်မက်ဆိုး ဟာ အိပ်မက်ဆိုး သာ ဖြစ်ကြောင်း

ဖြေသာစွမ်းလောက်ရဲ့ …

ဒီတစ်မနက်စာပဲ ဖြစ်ဖြစ်

လန့်နိုးပါရစေလားကွယ် …။



ကုန်တိုက်ဆောက်သံ ၊ နံပါတ်အသစ်ကား ဆေးမှုတ်သံ

မှတ်တမ်းတင်လွှာ တစ်ချပ်အတွက် ဂုဏ်ပြုကြေးစည်သံ

ကိုယ့် အိတ်အပေါက် ထက်

ကာလပေါ်တေး အကြောင်း ဆွေးနွေးဝိုင်းဖွဲ့သံ

မီးထွန်းမနေပါနဲ့တော့ …

သူ့အရောင် သူ့အမှောင် တွဲစပ်ပြီး …

ည” ဆိုလည်း နီယွန်မှိန်ဖျော့လေသော နေရာ နဲ့ ဘာ နဲ့

အကာလ” က ပနံရသွားပါလိမ့် …။






PM 9:50 30th MARCH


No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...