Tuesday, June 26, 2012

ဝေဖန်ရေး ဆိုတာ ကဗျာရေးသူ ရဲ့ အလုပ်မဟုတ်ဘူး


ရင်သပ်ရှုမော လောက်စရာ အလင်္ကာတွေ မပါဘူး ။

အံ့ချီးဘနန်း ဖြစ်ဖွယ်ရာ ကာရံချိတ်ဆက်မှုတွေ မပါဘူး ။

ခေတ်ပေါ်လွန် ၀ါဒလည်း မဟုတ်ဘူး ။

ဖြစ်တည်မှု ပဓာန ဆိုတာမျိုးလည်း မဟုတ်ဘူး ။

စ / ဆုံး သိဖို့ ဆိုလို့

စိတ်ကို မှန်သော မြှားချက် တချို့ နဲ့

ကိုယ့် အတ္တ ကိုယ် တခမ်းတနား ဖွဲ့ဆိုမှုပဲ ရှိကောင်းလည်း ရှိမယ် ။



ကဗျာ လို့ ပြောချင်လည်း ပြော

ကဗျာ လို့ မပြောချင်လည်း မပြောနဲ့

အတွေးအလျဉ် နဲ့

ကိုယ့်ခေတ် အကြောင်း ကိုယ်

စကားစပ်ထားတဲ့ ခြင်းရာသက်သက်

ခင်ဗျားတို့ ကျွန်တော်တို့

ဖြစ်နေကြ ...

လုပ်နေကြ ...

နေ၀င်နေထွက်တွေ အပေါ်

အစွန်းထွက် အသံ ကို တစ်အိတ်လုပ်ပြီး

ဖော်ကျူးခြင်းမျှ ... ။   ။

 



11th FEBRUARY 2010

3 comments:

ကြယ်ပြာ said...

ဒါလဲမိုက်တယ်။

Angelhlaing(May everybody be happy and healthy! said...

ကဗျာ လို့ ပြောချင်လည်း ပြော

ကဗျာ လို့ မပြောချင်လည်း မပြောနဲ့

အတွေးအလျဉ် နဲ့

ကိုယ့်ခေတ် အကြောင်း ကိုယ်

စကားစပ်ထားတဲ့ ခြင်းရာသက်သက်...မိုက်တယ်...

Mary Grace said...
This comment has been removed by a blog administrator.

LinkWithin

Related Posts Plugin for WordPress, Blogger...