Thursday, June 28, 2012

ဒန်းစီးမိတဲ့ လေညှင်း



အာရုံနံ့ သင်းထားသော

ခလုတ်ဖိသံ တဖျပ်ဖျပ် မှာ

မင်သက်နေသော စီးကရက် ကို

မီးညှိခံလိုက်ရ

ပုခုံးချင်း ၀င်တိုက်မိခြင်း တို့ ...

ထင်ထားတာထက် ဖမ်းစားနိုင်လွန်းတယ် တို့ ...

ဟန်မလုပ်ထားကြောင်းပဲ ဟန်လုပ်ပြီးပြောဖြစ်

သူ့ပိုက်ကွန်ကိုမှ

အစာတပ်ပြီး မျှားနေမိတယ် ...


တစ်ခန်းရပ်ပြဇာတ် လား

တကိုယ်တော်ဖျော်ဖြေမှု လား

ကောင်းကင်ဘုံ လား

အိပ်မက် လား

ကယောင်ကတမ်း မြည်တမ်းမှု လား

အမည်ဖော်ဖို့ ခက်ခဲသော အဲဒီ့ ခြင်းရာ အပေါ်

ယုံကြည်ကိုးကွယ်မှု လို ... သက်ဝင်ပါကြောင်း

ဘုရား' ကို လိမ်သလို လိမ်ခဲ့မိ ...



“ ခင်ဗျား ထပ်ထားတဲ့ လောင်းကြေး ကို

ကျုပ် စိတ် ထဲ ထည့်မသွားချင်ဘူး ”

ကျွန်တော် ပြောတော့ ...

“ ရှင့် နောက်ခံ အရောင် ကို

ကျွန်မ စိတ်မ၀င်စားဘူး ”

ခင်ဗျား က ပြောလိုက်သေးတယ် ။

တကယ်က ...

လိုအပ်မလား လို့ မေးဖို့ မလိုအပ်လောက်အောင်

လိုအပ်ပါတယ် ...

သိပ္ပံနည်းကျ စာတိုက်ပုံး ...

ကျွန်တော့် ကိုယ် ကျွန်တော်

ခင်ဗျား ကိုယ် ခင်ဗျား

ကောင်းသောညပါ' လို့ ပဲ ပြောခဲ့လိုက်တော့တယ် ။    ။






PM 9:45 24th FEBRUARY 2010

3 comments:

ကြည်ဖြူခင်ခင် said...

ကဗျာခေါင်းစဉ်လေးက ညှို့ပြီး စာသားတွေက မျှားခဲ့တော့.. ..

ကြယ်ပြာ said...

စာသားတွေက လန်းသလား မမေးနဲ့ ။

ဟန်မလုပ်ကြောင်းကို ဟန်လုပ်ပြီး ပြောခဲ့ တဲ့ ... မိုက်တယ် ...

ချော (အစိမ်းရောင်လင်ပြင်) said...

တင်ထားတဲ့လောင်းကြေးက တော်တော်များပုံရတယ်။
နောက်ခံအရောင်ကို ပိုစိတ်ဝင်စားတယ်ဆိုတော့

LinkWithin

Related Posts Plugin for WordPress, Blogger...