Tuesday, June 26, 2012

ပြင်ဦးလွင်ည ၊ ဂစ်တာသံ ၊ ၀ိုင်ရည်ချိုမြ



စိတ်လွတ်ကိုယ်လွတ်

၂၀ ရာစု နှောင်းပိုင်း လေရိုင်းအကြောင်း

နှီးနှောဖြစ်ကြတော့

ကျွန်တော့် အသက်ရှူမှု က

ခင်ဗျား ရင်ခုန်သံ ဖြစ်သွား

မျှော်ရီထားသော ခမ်းနားဆက်တင် မရှိခဲ့ပါဘူး ။

ကိုယ့် အရပ် နဲ့ ကိုယ့် ဇာတ် မှာ

သဟဇာတ ဖြစ်ဖို့ပဲ ...



 ပြန်ကြရအောင် ဗျာ ...

ခင်ဗျား ဂစ်တာလည်း ထားခဲ့ ...

ကျွန်တော့် အသံလည်း ချန်ခဲ့လိုက်မယ် ။

ရုပ်သက်သက် စိတ်သက်သက်

ဒီနေ့ ရောင်ခြည် အလိုက်

ကျွန်တော်တို့ လူးလွန့်ပုံ ကကြိုးဟာ

စည်းချက်မညီလိုက်မှာပဲ ...

စိုးရတယ် ။    ။





 9:45 PM 22nd FEBRUARY 2010

1 comment:

ရေသန့်  said...

မှန်လိုက်တာဗျာ

LinkWithin

Related Posts Plugin for WordPress, Blogger...