Wednesday, June 6, 2012

နွံ


သွေးလွှတ်ကြော တလျှောက် စီးဆင်းခဲ့ခြင်း ဟာ

သွေးပြန်လမ်း အတိုင်း ရောက်ရှိလာဖို့

နှလုံးသား ထဲ ဟေမိုဂလိုဘင် အလုပ်လုပ်ပုံ လို

ရိုးရိုးစင်းစင်း ...

တစ်ရစ်ထက် တစ်ရစ် ... လွန်နေခဲ့ပုံများ ...

သူ့အကြောင်း မတွေးဖြစ်တဲ့ နေ့တွေ ... ဆို

စိတ် ... ဟာ ... မလှုပ်သာ မလူးသာ ...

လမ်း ရယ် လို့ လှမ်းခဲ့တာပါပဲလေ ...

မိုး ကို မမြင်ရ ၊ လေ ကို မမြင်ရ မို့

သံယောဇဉ် နဲ့ ငြိပြီး ကျွံခဲ့

ရုန်းရခက်ခက် ...





PM 8:39 24th APRIL 2010

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...