Saturday, June 30, 2012

ကျေးဇူးစကား



မရယ်…

လင်းပွင့်နေသော

ကြယ်တစ်စင်းလို

တိုးဝင်လာခဲ့ခြင်း အပေါ်

ကျေးဇူးပါ …



ဖေးငဲ့ တွဲလှည့်သော

လက်ခုံသေးသေးလေး တို့ အပေါ်

ကျေးဇူးပါ …


လျှောက်လမ်းကို

ထင်းထင်းရှင်းရှင်း

မြင်သာအောင် စွမ်းတတ်ပေးမှုတို့ အပေါ်

ကျေးဇူးပါ …


ဒဏ်ရာ အထပ်ထပ်

ကြော့နွမ်းနေသော ၀ိဥာဉ်အား

သိမ့်မူးငေးရီပေးသော

မျက်ဝန်းတို့ အပေါ်

ကျေးဇူးပါ …


ဝဲဘက်ရင်အုံ ဆီက

မြည်တမ်းသော အသံတိုင်းကို

အဓိပ္ပါယ် ပြည့်ဝပေးခဲ့ခြင်း အပေါ်

ကျေးဇူးပါ …


ဤ လက်အစုံ နှင့် ထုဆစ်သော

ကနုတ်ပန်း အား ဆင်မြန်းပေးပါ …

ဤ လက်အစုံ နှင့် ကမ်းလင့်သော

လမ်းငယ်တလျှောက် အဆုံးအထိ လှမ်းပေးပါ …


ဤ လက်အစုံ နှင့် ပြုစုသော

ကြင်နာခြင်း အား

ရင်တကိုယ်တာ အပြည့် ခံယူပေးပါ …


မ´အတွက်

ကျွန်တော် ရှိနေဖို့ လိုမယ် ထင်ရင်

ကျွန်တော့် အတွက်လည်း

မ´ရှိနေပေးဖို့ ပေါ့ … ။   ။





1st November 2009

@ Kandawgyi Lake

From 12:00 PM To 4:00 PM

1 comment:

စံပယ်ချို said...

အောက်ဆုံးအပိုဒ်လေးက
ရင်ဘတ်ထဲတန်းထိတော့တာပဲ
(မ´အတွက်
ကျွန်တော် ရှိနေဖို့ လိုမယ် ထင်ရင်
ကျွန်တော့် အတွက်လည်း
မ´ရှိနေပေးဖို့ ပေါ့)ဆိုတာလေးလေ

LinkWithin

Related Posts Plugin for WordPress, Blogger...