Wednesday, June 20, 2012

လာ ... အရှေ့မှာ ... အနာဂါတ်ဆိုတာ ရှိတယ်



မှောင်လွန်းတယ်ကွယ် ...

မှော်ရုံမှ ဟုတ်ရဲ့လား

ငါတို့ စိမ်းလန်းခြင်း မှားလာပြီ ထင်တယ် ။

နယ်ကျွံလာတဲ့ တံလျှပ်တွေကိုတော့

ရေ ” ထင် ပစ်ရအောင် လေ ။

ဂျူရီတွေကိုလည်း ပြောပြပေးပါဦး

အလွမ်းကို အသက်ရှူရပ်အောင်

လုပ်ခဲ့တာ ငါတို့ ပဲ ကွဲ့ ...။   ။







1st JANUARY 2001

2 comments:

စံပယ်ချို said...

တကယ်ပဲ အလွမ်းတွေကို
အသက်ရှူရပ်အောင်လုပ်မလို့လား

မြတ်ပန်းနွယ် (Myat Pan Nwe) said...

နယ်ကျွံလာတဲ့ တံလျှပ်တွေကိုတော့

ရေ ” ထင် ပစ်ရအောင် လေ ။

အဲစာသားကို နှစ်သက်မိတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...