Saturday, June 30, 2012

လွန်ခဲ့သော တစ်လ

MyLoveCafe Hosting Server မှာ Blog Site လေး ဒေါင်းသွားတုန်းက တင်ဖြစ်ထားတဲ့ 

POST ပါ ။ အမှတ်တရပေါ့ ... :)


မှတ်မှတ်ရရ ...

နှစ်ရက်လောက် Site ကို ဒေါင်းသွားတဲ့ အခြေအနေ နဲ့ ကြုံခဲ့ရပါတယ် ။

ကျွန်တော်ကပဲ ကံကောင်းမှုတွေ သိပ်များနေလို့လား မသိဘူး ။

အဆင်တပြေ နေ့တွေချည်း ဆက်တိုက်ကြုံနေရာက ဒီလိုမျိုး ကြုံလိုက်ရတော့ ...

တစ်ခါတစ်ခါ တွေးလေ့ ရှိသလို ဒုက္ခ ဆိုတဲ့ ကောင်ဆိုးလေးတွေ အစု နဲ့ အဖွဲ့နဲ့

လာတော့လေမလား လို့ တွေးပြီး လန့်မိပါရဲ့ ...။

ခုတော့ Blog ကို ပြန်ဖွင့်လို့ ရတဲ့ ပထမဆုံး အထိမ်းအမှတ် နဲ့ ရော ...

ဒီနေ့ အတွက် နောက်ထပ် ထူးထူးခြားခြား အနေ နဲ့ ကဗျာတစ်ချို့ကို ဆက်တိုက်လို

ဆက်ရေးဖြစ်လိုက်တဲ့ အခိုက်အတန့်လေး အတွက် ပါ

ဒီ ပို့စ်ကို တင်လိုက်ပါတယ် ခင်ဗျား ...။


“မလွမ်းရဘူး လို့ မပြောနဲ့ ...”


မလွမ်းရဘူး လို့ မပြောနဲ့

တစ်ခဏပဲ ဖြစ်ဖြစ်

မြင်လိုက်တွေ့လိုက်လိုတာလေးပါကွယ်

မကြာမကြာ ခွဲနေကြရမှာပါ ...

မလွမ်းဆွတ်လိုက်ရမှာတော့ ပူပင်မနေပါနဲ့

ငါတို့ ... စ ” လှမ်းထားတဲ့ လမ်း ...

ဝေတိေ၀၀ါး နိုင်ထားပုံ ကို က

ခိုးခိုးပြီး ရှိုက်သွင်းရတဲ့ အသက်ဓာတ် လို

လရောင်ထဲ က အနမ်း မျိုး ...။


1:00 PM 30th November 2009


“တစ္ဆေကြီးများနေ့...”

တစ္ဆေကြီးများ နေ့တဲ့...ကွယ် ...။

ငါ့မှာ ...

နာနာဘာဝ ၊ ၀ိနာဘာဝ

ဘယ် ပရလောကသားမှတော့ မတွေ့မမြင်ခဲ့မိပါဘူး ။

သူမပေးတဲ့ “အကြင်နာ” ဆိုတာနဲ့

နှလုံးခုန်သံ တစ်ချက်ကြားတိုင်း

လွမ်းဖို့ အသင့်ဖြစ်နေသော ဥာဉ်” ဖြစ်အောင်ပဲ

ခြောက်လှန့်ခံခဲ့ရတော့တယ် ။

1:16 PM 30th November 2009


“လုပ်စရာ ရှိတာ ဆက်လုပ်ပါ ဆိုပဲ ...”


သတိရခြင်း အရောင်နဲ့ လွန်းထိုးထားတဲ့

နေရောင်ခြည် မနက်ပေါ့ကွယ် ...

ဘယ် အသွေးအတောင် နဲ့ မှ

ငါ့ကို...

မသွေးဆောင်လိုက်ကြပါနဲ့ လေ...

ငါ့ ရင်ခုန်ခြင်း နဲ့ ငါ

အကျအပေါက် မှန်ဖို့တောင်

သူမကို လွမ်းဆွတ်ခြင်းကပဲ လာလာထိပါးနေပြန်လို့ ...။

1:31 PM 30th November 2009



4 comments:

Angelhlaing(May everybody be happy and healthy! said...

ငါတို့ ... စ ” လှမ်းထားတဲ့ လမ်းဆိုတာ ...

ဝေတိေ၀၀ါး နိုင်ထားပုံ ကိုက

ခိုးခိုးပြီး ရှိုက်သွင်းထားရတဲ့ အသက်ဓာတ် လို

လရောင်ထဲ က အနမ်း မျိုး ...။


တစ်ပိုဒ် တစ်မျိုးစီနဲ့ မိုက်တယ်..:)

ချော (အစိမ်းရောင်လင်ပြင်) said...

My Lovecafe ကိုတောင် သတိရသွားပြီ :P
ရက်ရက်စက်စက် ထားခဲ့တဲ့ My lovecafe လေ..
တော်တော်များများ ဒေတာတွေ ပြန်မရကြဘူး
နှမြောဖို့ကောင်းတယ်. .. ဘလော့တွေ အများကြီး အရှိန်ကောင်းကောင်းနဲ့ သွားနေပြီးကာမှ အဲလိုဖြစ်သွားတယ်း(

mstint said...

ဆန္ဒနဲ့ဘဝ ကိုက်ညီမှုခဲယဉ်းတဲ့ လောကကြီးထဲမှာ အမြဲတန်း အဆင်ပြေချောမွေ့နေတယ်ဆိုတာလဲ ရှားတယ် သိင်္ဂါရရေး)
ကဗျာလေးတွေအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လသာည said...

မလွမ်းရဘူး မပြောနဲ့ဆိုတဲ့ ပုံလေး တကယ်လှတယ်..။

LinkWithin

Related Posts Plugin for WordPress, Blogger...