Wednesday, June 6, 2012

အဲဒါ ကောင်းကင်ဘုံဖြစ်ဖြစ် ငရဲဖြစ်ဖြစ် …



တုံ့ပြန်ပြော …

တိုးတိုးညှင်းညှင်းကလေး

ပြန်ကြားရစဉ်တုန်းကတော့

ရင်ခုန်သံ မမြန်တတ်လောက်အောင်

ဖမ်းစားခံရပြီမှန်း

ဘယ် ရိပ်စားမိလိုက်မတဲ့လဲ

ကြွေအံ့မူးမူး ရွက်အိုတွေ

လေပြေလေညှင်း သွဲ့လေတိုင်း

စိုးထိတ်နေရသလို ...


မငြိမ့်သက်လေသော စက္ကန့်များ ရဲ့

လမ်းခွဲတေး အလွန် မှာ

ဘယ်သူ တစ်ယောက်ကိုမှ

ဘယ်လို မျှော်လင့် အိပ်မက်မှာမှ

ဘယ်လို စုံရီသက်ဝင်ညွှတ်နူးခြင်းမှာမှ

စိတ်နှလုံး ဟာ မသာယာတတ်လေတော့

ဒီ တစ်သက်စာ

စုံမက်သက်ဝင်ခြင်း ဆိုတာ

အဲဒီ အခိုက်အတန့် နဲ့ အတူ

သတိပြုမိခဲ့ပြီ ။   ။






PM 8:54 25th APRIL 2010

1 comment:

စံပယ်ချို said...

တိုးတိုးညှင်းညှင်းကလေး
ပြန်ကြားရစဉ်တုန်းကတော့ …
ရင်ခုန်သံ မမြန်တတ်လောက်အောင်
ဖမ်းစားခံလိုက်ရပြီမှန်း …
ဘယ် ရိပ်စားခဲ့မိလိမ့်မလဲ ----ဟုတ်ပါ့
သိလဲသိလိုက်ရော ရင်ဘတ်ထဲဘာမှမရှိတော့ဘူး
ပါသွားပြီ-----

LinkWithin

Related Posts Plugin for WordPress, Blogger...