Saturday, June 30, 2012

ညီ

မြည်သံ ကြားတဲ့ ဖုန်း … နားထောင်မိချိန်

မင်း မဟုတ်တဲ့ အခါ …

ခေါက်သံကြားတဲ့ တံခါး … ဆွဲ အဖွင့်

မင်း မဟုတ်တဲ့အခါ …

အေးစက်နေတဲ့ … ကော်ဖီတစ်ခွက် ရဲ့ သခင်

မင်း မဟုတ်တဲ့ အခါ …

နားစွင့် မိတဲ့ ခြေသံတွေရဲ့ ပိုင်ရှင်

မင်း မဟုတ်တဲ့ အခါ …

တဆစ်ဆစ် … ထိုးဆွ

ကျဉ်ခဲ့ရ နှလုံးသား

အပြုံးများနဲ့ ဖုံးထားရင်း

တမိုးသောက်ချိန်မှာတော့ … အမှတ်မထင်

မျက်ဝန်းအဖွင့် … ထာဝရ

ငုံကြည့်နေမယ့် အပြုံးနွေးနွေး

မင်းဆီက နေ ရချင်ပါသေးတယ်…။   ။

SUNDAY NOON

1st November 2009

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...