Tuesday, June 26, 2012

လမ်းလျှောက်သူများ


အချိန်တိုလေးတွေ ၊ ဘာတွေ ပြောနေရအောင်

နေဖြစ်ဦးမှာက သေချာမလား

မေးကြည့်ချင်မိတယ် ...

ဒီလို ခဏ ၊ ခဏလေးတွေ နဲ့

နေ၀င် ၊ နေထွက် ဖြတ်ကြရတာပေါ့ ...

သူတကာ အကြောင်းလည်း

မပြောပြချင်ပါဘူးကွယ် ...

စကားစပ်စပ်

နားစွင့်ထားသူ လုပ်ဖြစ်ခဲ့တာချည်း ...

တစ်ယောက်တည်းမို့

ရှုပ်ရှုပ်နေမိတာလား ပဲ

ဘယ်ကို ရောက်ချင်မှန်းမသိ

ဘယ်ကို ရောက်မယ်မှန်းမသိ

ဘယ်အထိ လှမ်းရဦးမယ်မှန်း မသိ

ဘယ်အထိ လှမ်းဖြစ်ဦးမယ်မှန်းမသိ

ခင်ဗျားတို့ ကျုပ်တို့ က

ဒီ လမ်းလေး မှာပဲ ...

ဝင်္ကပါ ဆန်ချင် ဆန်နေတတ်တာမျိုး ။   ။






PM 10:10 28th FEB 2010

1 comment:

ကြယ်ပြာ said...

ဘလော့ဝင်္ကပါထဲလျှောက်သွားနေတုန်း ဒီကဗျာလေးဖတ်မိတယ်။

နေဖြစ်ဦးမှာက သေချာလားဆိုတော့ သေတတ်ဖို့တော့ အကောင်းဆုံးပြင်ရမယ်လို့ ဖြေဖြစ်မယ်ထင်ပါရဲ့။

ဒီစာကိုဖတ်ရင်းနဲ့ ပတိစသမုတ်ပါဒ်(စာလုံးပေါင်းသည်းခံပေးပါ) စက်ဝိုင်းကြီးပါတခါတည်း မြင်ယောင်သွားတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...