Wednesday, June 6, 2012

ပျံသန်းရာ



ဘယ်' တောင်နံရံဆီ

အသိုက် ရွှေ့ရမယ် မသိတဲ့ ငှက်တွေ

ဘယ်' သမုဒ္ဒရာစီးကြောင်းမှာ

လေဟုန်စီးရမယ် မသိတဲ့ ငှက်တွေ

လီလီ နဲ့ တွေ့မှာပဲ ကြောက်နေရ ...

ဖြားယောင်းခံရသော နေ့များအတွက် ...

အရာရာ ဟာ အရာရာ ကနေ ပိုဝေးသွားခဲ့ ...

တစ်ခုပြီးမှ တစ်ခု လုပ်ကြ

တွေးစရာတွေ ... သိပ် ' များသွားရင် လည်း

သမိုင်း ကို မေ့လိုက် ၊ စစ်တမ်းတွေ ကို မေ့လိုက်

ပျံသန်းရာ က အရင် လို အရင် အတိုင်း

လေ' ဦးတည့်ရာ ...။    ။





PM 9:17 6th JUNE 2012

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...