Saturday, June 30, 2012

GAME

မြင့်မားကြမ်းတမ်းတဲ့ တောင်ကိုတက်ဖို့

ငါ ... အားမွေးနေချိန်

နူးညံ့တဲ့ လက်တစ်ဖက် နဲ့

ဖေးမကူညီ အားပေးနေတဲ့ ... သူ

ပိန်းပိတ်နေသော မြူတွေ

ငါ့ လမ်းမှာ ကာဆီးနေဆဲ

နေရောင်ခြည်လို နွေးထွေးတဲ့ မေတ္တာ နဲ့

ပေးဆပ်နေတဲ့ ... သူ

နက်ရှိုင်းတဲ့ ချောက်ကမ်းပါးက

လှုပ်လှဲ့လှဲ့ ကြိုးတံတားပေါ်

ဖြတ်သွားဖို့ စဉ်းစားချိန်

ပေးဆပ်ခဲ့တဲ့ ခွန်အားတွေ ကြောင့်

ပထမ ခြေလှမ်း စတင်ချိန်မှာ

သူ့ လက်တွင်းက ဓါးတစ်လက်

မြင်နိုင်ခွင့် မရှိတော့မယ့် ... ငါ ။

SUNDAY NOON

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...