ည ” ည ” အိပ်မပျော်ဘူး ။
“ ရှင့်ကို ကျွန်မ သိပ်ချစ်တယ် ” ဆိုတဲ့ …
နာလိုခံခက်ကလေးက ခုထိ ရိပ်သီချင်တုန်း …
အတိတ်ဆီက …
အရိပ်လို ထွက်ပြေးလိုက်ချင်သူ …
ရောဂါဘယတွေ များတယ် …
ဝေဒနာ အလုံးစုံ စွဲကပ်တယ် ။
လူဖြစ်ကြောင်း မှတ်ပုံတင်စရာ …
မခံချင်စိတ်ချည်း ကျန်တယ် ။
သူတကာ … မီးပုံးကလေး နဲ့ ဘာနဲ့
လဲ့ရီ စူးဖြာရင် …
ကိုယ့် တံခါးဝမှာလည်း ချိတ်ဆွဲလိုက်ချင်ရဲ့ …
လူတန်းစေ့ဖို့ …
ကိုယ်ကျင့်တရား တန်းစေ့ခဲ့ပါရဲ့လား ။
လူတောတိုးဖို့ …
စာရိတ္တ အဟောသိကံ ဖြစ်ခဲ့ပြီ တဲ့လား ။
လူရာဝင်စရာ
တကိုယ်ကောင်းဆန်တတ်ပြီ တဲ့လား ။
လူ အဖြစ်
လူတလုံး သူတလုံး ဖြစ်ရေးက
သေချာတွေးရင် …
စိတ် ကို စိတ် က
ပြန်သတ်သော လုပ်ကြံခြင်း လို …
တဖွဲ့တနွဲ့ …။ ။
PM 11:00 5th MAY 2010
1 comment:
အား ..... ဒီကဗျာ ကောင်းလိုက်တာ။ အရမ်းကြိုက်တယ်။
Post a Comment