Friday, June 1, 2012

မောဟ ရဲ့ ကိုယ်စောင့်နတ်



မောဟ အချိန်အဆအတိုင်း

ရိုးသားခြင်း လွင့်ဝဲသွား

သံသယ မျှားတံထဲ

အိပ်မက်တစ်မက် တန်းလန်းတွဲပြီး …


သိပ် ´ စူးရဲသော အလင်းမို့ မှောင် ´ သွားရတယ် ။

နမိတ် အကူးအလွဲ အကြောင်း မသိလို့

ကြောင် ´ သွားခဲ့တယ် ။

မျက်လုံးအစုံ ပွင့်ဟလေတိုင်း

တင်းထားမိသော ဒဏ်ခံကြိုးကလေး …

မနက်ဖြန် ´ ဆိုပြီး ငင်ထားခဲ့

နေ့တွေ ရက်တွေ စီရီလို့ …


အသွေးအသား မီးခတ်တော့မှ …

ပြတ်တောက်သွားရမတဲ့လား …

နီရိုးစောင်းသံ နဲ့

ဘ၀ကို ကာရံ မလိုက်ပါရစေနဲ့ကွယ် …

မြှားလှံလေးဓါး အောက်မှာ

ကိုယ်ကျပ်ဝတ်စားလေးလို …

နေကြတ် လကြတ် ရီရီပျပျမှာ

တစ်ခုသော မီးအရောင်လေး လို …
 

စားဝတ်နေရေး ဥပဒေ အရ

ဓါးပါးပါးတစ်ချောင်း နဲ့

နောက်ကျောဘက် က

ကိုယ့် ၀ိဥာဉ် ကို

စိုက်စိုက်ထိုးနေရသော ရာသီ ထဲ …

ကိုယ်စောင့်နတ် တစ်ပါး လို

အနားမှာပဲ နေပေးဖို့ … ။   ။



PM 9:45 16th MAY 2010

2 comments:

စံပယ်ချို said...

ကဗျာကောင်းလေးဖတ်ရလို့ အရမ်းကျေးဇူးတင်ပါတယ်
လင့်လေးလဲ ယူပြီး ချိတ်မယ်နော်။

ရွှေပြည်သူ (ShwePyiThu) said...

တကယ်ကို နှစ်သက်စရာ ကဗျာတစ်ပုဒ်ပါ...

LinkWithin

Related Posts Plugin for WordPress, Blogger...