Saturday, June 2, 2012

ပန်ကာ

နေပျော်အောင် ” ညာထားရတဲ့

မော်တာတစ်လုံး နဲ့

ပူလောင်သူတွေ အပေါ်

အေးမြစေလိုခဲ့ပါရဲ့ …



စွမ်းအင်ထွက်ရာ

ဒုက္ခပတ်ရေ အလျှောက်

ရံဖန်ရံခါ …

သိပ်မြင့်သော အခန်းတွင်း အပူချိန် ကို

မကျော်လွန်နိုင်တော့မှ သာ

စိတ်” ကိုလှည့်ပြီး ထွက်လာတဲ့ လေ” က …

ထင်သလို မဟုတ်လို့

ဟုတ်သလို မထင်ကြ …



ကိုယ့် နေ့ ကိုယ် …

အမြီး အမြောက် မတည့်သော အစဉ်အတိုင်း

လောကဓံ အ၀န်းအ၀ိုက် အလျောက်

ရောက်ပေါက်သွား

ကိုယ့် အကျအပေါက်များ

သိပ် အရှိန်မြင့်လွန်းသွားတဲ့အခါ

တစ်ယောက်ယောက် ရဲ့ သက်မတွေ နဲ့ ပစ်”ပျော်ထားရ



တစ်ခုခုသာ ပြောခွင့်ပေးလို့ …

ပြောလို့ ရစတမ်း ဆို …

ဟိုးတုန်းက …

မျက်ခုံးမွှေး စင်္ကြံ ဖွင့်ဆိုခြင်းတွေ …

ပုံသေနည်းဆန်ဆန် ဆိုရိုးတွေ နဲ့ …

တံဆိပ်တစ်ခုခု ကပ်မပစ်လိုက်ဖို့မျှ …။   ။




  
PM 8:30 22nd MAY 2010

2 comments:

စံပယ်ချို said...

ပန်ကာနဲ့ နှိုင်းပြီးပြောပြထားတာလေး
အလွန်ကောင်းပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလောဂ့်ထဲ ပြန်ရောက်လာတာ ကြိုဆိုပါတယ်
ကဗျာတွေကတော့ ပြောစရာမလိုအောင် ကောင်းပြီးသားပါ
အားပေးလျှက်

မချော

LinkWithin

Related Posts Plugin for WordPress, Blogger...