Tuesday, June 5, 2012

ငါ့ခံတပ်ဆီ သက်ရောက်လေသော စစ်မက်




စကားတင်းတင်းတောင် မဆိုဖူးကြဘူး … ရယ်

အပြုံးတွေ …

အပြုံးတွေ …

အပြုံးတွေ နဲ့ ပဲ …

သံယောဇဉ် သီချင်းလေး …

တိုးတိုးညှင်းညှင်း ဖွင့်ခဲ့တယ် ။



အထူအပါး နားမလည်လို့ …

အရိပ်အကဲ မကောက်တတ်လို့ …

ကြိုတင်ကြံစည်ပြီး …

အခွင့်အရေးလည်း မယူခဲ့မိ …



သနပ်ခါးနံ့လေး တစ်ရှိုက်စာ နဲ့ …

ထိုနေ့ကို

ထားခဲ့ချင်လည်း ထားခဲ့ပါကွယ် …

ရင်တောင်ကုန်းမှာ

စိုက်ထူသော ပ၀ါဖြူ လွင့်ပါးရာ တလျှောက်

ကိုယ် တော့ ...

မင်းရှေ့မှာ ဒူးထောက်လဲကျပေးလိုက်ပါပြီလေ …...






PM 10:22 24th MAY 2010

1 comment:

စံပယ်ချို said...

ဟုတ်တယ်ချစ်သူကို စကားတင်းတင်းမဆိုဘူး
အမြဲတမ်းအပြုံးတွေနဲ့ပဲ------ချစ်ချင်သူပါ

LinkWithin

Related Posts Plugin for WordPress, Blogger...