Thursday, June 7, 2012

ခင်ဗျား ထင်သလို မဟုတ်ဘူး



အကန့်အသတ် ရှိတယ် ။

မလိုအပ်တာ မတွေးကြေး '

စိတ် ' အကြောင်း ပြောရင်

ကိုယ့် လိပ်ပြာ ကိုယ် သန့်ဖို့ ...

ကဗျာ ဆိုတာက

အလုပ်ရုံ မရှိဘူး

အနုပညာ ' မှာ

ကိုယ့် အသက် ဓာတ် အပေါ်

ရိုးသားဖို့ သာ ... လိုရင်း ...

ကိုယ့် စိတ် တောင် မှ ...

ကိုယ် ညာတယ် ဆို

ခင်ဗျား ' မှာ ဘယ်လို ကိုယ်ကျင့်တရား မှ

မရှိတတ်ဘူးပဲ ...




သိပ်ဝေးတဲ့ နောက်နေ့တွေ အကြောင်း ...

သိပ်ဝေးတဲ့ သူများ စိတ်နှစ်သိမ့်ရာ အကြောင်း ...

သိပ်ဝေးတဲ့ တခြား မှတ်ချက်တွေ အကြောင်း ...

ခင်ဗျား စိတ် ကို ခင်ဗျား မပျိုးနဲ့ ...

ရိုးသားခြင်း ... လို့

ဝင်သက် နဲ့ ထွက်သက် ကို ရှုမှတ်

အခုတခါ '

ကျူပ် ပြောတာတွေက

အများကြိုက် တော့ ... ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ...။




  
PM 9:34 6th JUNE 2012

1 comment:

စံပယ်ချို said...

အများကြိုက်မကြိုက်မသိဘူး
ကျွန်မကတော့ သူများရဲ့ ခံစားချက်နဲ့ရေးတာ
ဘယ်လိုကဗျာပဲဖြစ်ဖြစ်ကြိုက်တယ်
ဒီကဗျာလဲ ဖတ်ရတာသက်ဝင်လှပါတယ်

LinkWithin

Related Posts Plugin for WordPress, Blogger...